Part 10

442 74 2
                                    

Unicode version

"ညီမလေး"

ဆင်ခြေဖုံးရပ်ကွက်ရဲ့အဌားအိမ်ရာတွင် ဟေဗင်တွင်ပါလာသော ငွေတချို့နဲ့ဌားရမ်းနေထိုင်ပြီး

ဟေဗင်ကပဲ အနီးအနားက ကုန်စုံဆိုင်မှာ အလုပ်ဝင်သည်။ တလမပြည့်သေးပေမယ့် စားဝဆ်နေရေးကတော့ကြပ်တည်းသည်။

"မမ"

‌ဝါနု ဆိုတာသေချာမှ သွေးပုလဲတံခါးဖွင့်ပေးသည်။ သံပန်းတံခါးဆွဲဖွင့်လိုက်သည်။

"အထဲဝင်မမ။ "

ညစာအတွက် ခေါက်ဆွဲကြော်နှစ်ပွဲဝယ်လာသည်။ သွေးပုလဲတံခါးပြန်ပိတ်လိုက်သည်။

"ဒါပြန်နွေးလိုက်နော်။ အေးသွားပြီထင်တယ်။ မမညနေကတည်းကဝယ်ထားတာ"

"ဟုတ်။ ဒါနဲ့လေ ဒီနေ့ သွေး အပြင်သွားသေးတယ်"

"အင်း"

‌ဝါနုသူမကိုလှည့်ကြည့်သည်။

"အလုပ်များရမလားပေါ့။ အချိန်ပိုင်းအလုပ်တွေတော့ရှိတယ်။ အခုလိုကျောင်းနားထားတဲ့အချိန်မှာ အချိန်ပြည့်ကပိုအဆင်ပြေမယ်ထင်လို့ သွေး မလျှောက်ခဲ့ရဘူး"

ဝါနုပြုံးပြီး သူမခေါင်းလေးကိုဖွဖွပုတ်ကာ

"ညီမလေးက ငယ်ငယ်လေးရှိသေးတာ။ စာပဲကြည့်။ သင်တန်းတက်ချင်ရင်လဲပြော။ မမ တာဝန်ထား"

သွေးပုလဲစိတ်မကောင်းဖြစ်မိတယ်။ ဟိုမှာဆိုရင် မမ အခုလိုပင်ပန်းမှာမဟုတ်ဘူး။ အခုက အရင်ကထက် ပိန်သွားပြီ။

"သွားနွေးတော့။မမ ဗိုက်ဆာပြီ"

"ဟူတ်"

တိုက်ခန်းငယ်လေးထဲမှ မီးဖိုခန်းဆီအမြန်ပြေးသွားလိုက်သည်။ အိပ်ခန်းတခန်းသာရှိပြီး ဧည့်ခန်း ရေချိုးခန်းအိမ်သာအစုံအလင်တော့ပါသည်။

"ညီမလေး။ မနက်ဖန် မမတို့ အပြင်သွားလည်ရအောင်လေ"

မီးဖိုခန်းဘက်ကိုစကားလှမ်းပြောသည်။ ဧည့်ခန်းဆိုဖာတွင်ထိုင်ရင်း

"ပြတိုက်သွားချင်တယ်ဆို"

သွေးပုလဲ အခန်းထဲက ထွက်လာပြီး

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now