Part 27

364 62 4
                                    

Unicode version

ရှာရွန်။ ဘယ်သွားလို့ဘယ်လာရမယ်ဆိုတာ မသိ။ ဘယ်ဘက်ကိုဦးတည်ရမယ်ဆိုတာမသိသလို။ Windyine ဆိုတာဘယ်နေရမှန်းကိုမသိ။

မသိခြင်းများစွာနဲ့ သူမမြို့လယ်အထိရောက်လာသည်။ ဘယ်နေရာတွေမှာရှိတက်လဲ။ ပြတိုက်လား။စာကြည့်တိုက်လား။ အရင်ကတည်းက ဖုန်းကိုသေချာမကိုင်ဖူးတော့ Online ဆိုတာမျိုးလဲသူမ အရမ်းအသားမကျပေ။

ယောင်လည်လည်ဖြစ်နေသည်။ ကားခလဲမရှိ။ ထိုစဉ်

"‌ပုလဲ"

သူမနာမည်ခေါ်လိုက်တဲ့အသံက သူမအတွက်အားကိုးရာပါ။ ကားမှတ်တိုင်Waiting Chair တွင်ထိုင်နေဆဲမို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။

"အမ " သီတာနိုင်ဖြစ်သည်။ ကုမ္ပဏီဉက္ကဌ တယောက်မှမရှိတဲ့အတွက် ကုမ္ပဏီအကြပ်ရိုက်နျေတာ့ သူမကိုတွေ့လိုက်တာ ကယ်တင်ရှင်တွေ့လိုက်သလိုကို အပြေးရောက်လာသည်။

"ဉက္ကဌကော။ ဉက္ကဌ အိမ်မှာရှိလား ညီမ"

ယိုလီကိုမေးနေတာပဲ။ သူမမျက်နှာညိုးကျသွားရင်း ခေါင်းခါလိုက်ျတာ့သည်။

"အဲ့တာစိတ်ညစ်တာပဲ။ အခု ကုမ္ပဏီက..."

"သူဌေးရဲ့မိသားစုဝင်တွေကိုတော့လှမ်းခေါ်ထားတယ်။ စဉ်းစားကြည့်တော့မသင့်တော်ဘူးလို့ထင်နေတာ။

ဒါပေမယ့်"

ရှာရွန်က

"သူပြန်မလာတော့ဘူးထင်တယ်။သင့်တော်မှာပါ"

သီတာနိုင်စိတ်ညစ်နေရသည်။

"ညီမကော။ ဘယ်သွားမလို့လဲ"

ရှာရွန်က ခေါင်းခါရင်

"ဘယ်သွားရမလဲမသိဘူး။ "

"အမနဲ့လိုက်ခဲ့လေ။ တရက်နှစ်ရက်လောက်နားပေါ့။ပြီးရင် သွားချင်တဲ့နေရာသွား။ အမ ကူညီပေးမယ်"

ရှာရွန် က

"ကျေးဇူးပါအမ"

ဗိုက်ဆာလွန်း၍ မူးတောင်မူးနေပြီ။

&&&&&&&

ဟေဗင်နဲ့ရီမွန် ။တိတ်ဆိတ်နေသည်။ ဘယ်ကိုထွက်သွားလဲမသိတဲ့ရှာရွန်နဲ့ ပြန်လို့မရတဲ့ သူတို့နှစ်ယောက်။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now