Part 2

1K 84 14
                                    

Unicode version

ယိုလီ ။
မရပ်မနားတမ်းပြေးနေသည်။ လူသွားလမ်းအတိုင်း မမောနိုင်ပင်။ ရှာရွန်ကိုတွေ့ရဖို့ဆိုရင် အခုလိုပဲ။

မရပ်မနား။လမိုက်ညတည။ မြို့ကနေ ၁၂ မိုင်ဝေးတဲ့ကျေးလက်‌တောရွာလေးဆီကို ဘာကိုမှမကြောက်တက်သူပီပီ။

တစ်ခုပဲ။ သူမ ကိုယ်က လူသား။ စိတ်မမောလဲ လူကပန်းလာလိမ့်မည်။

အခုတော့ ပင်းယာဆီကသတင်းရရခြင်း ထွက်လာခဲ့တာဖြစ်သည်။

တောရွာလမ်းဆိုတာလမ်းမီးမရှိပါဘူး။ မြို့မှာလိုကတ္တရာလမ်း။ကွန်ကရစ်လမ်းမဟုတ်ပါဘူး။ ကျောက်ခဲများသံများဆူးညှောင့်များ ပြည့်နေတဲ့လမ်းဖြစ်ပါတယ်။

ခြေဖဝါးမှာနာကျင်ရာကနေထုံသည် အထိဖြစ်လာခဲ့ပေမယ့် သူမရပ်ရဲ။ ရှာရွန်။ ပြီးတော့ ဝိဉာဉ်နှလုံးသား။

မီးရောင်မှိန်ပြပြ လေးတွေတြွေရတော့ အားတက်သွားသည်။ ချွေးများလဲစိုရွဲနေတော့ကာ။

"ဂျိန်း.."

"ဝေါ"

ရုတ်တရပ်ဆန်စွာပင်။ မိုးသဲကဆီးကြိုနေသည့်အလား။ ယိုလီ မနားနိုင်။ နောက်ဆုံးတော့ရွာအဝင်ကိုရောက်လာခဲ့သည်။

အိမ်တိုင်းလိုလိုမီးထွန်းထားတယ်ဆို ပေမယ့် အပြင်ဘက်အတွက်မဟုတ်။ ရွာလယ်လမ်းအတိုင်းပြေးလာပြီး ရွာလယ်မှ နှစ်ထပ်အိမ်တစ်လုံးတွင် လူဝင်လူထွက်များပြည့်နေသည်။

မိုးဒီလောက်သည်းနေတာ။ အိမ်ရှေ့မှာ မဏ္ဏာ်ထိုးထားသေးသည်။

ဆိုလာမီးများမလင်းတလင်းပေါ့။ ဘယ်အိမ်ဆိုတာမသိပေမယ့် မေးမြန်းမှရပါလိမ့်မည်။

ထိုအိမ်ရှေ့ကိုအရောက်

"ကောင်မလေးကသနားစရာလေးနော်။ နေကောင်းရာကနေ အသက်နူတ်ခံလိုက်ရသလိုပဲ။"

ယိုလီရှေ့တိုးလာပြီး ထိုအမျိုးသမီးတွေအနားရောက်လာသည်။

"ကလေးမ မိုးရွာနေတယ် အထဲ......"

သူ့ကိုလှမ်းခေါ်ပြီးမှ သူတို့တွေစကားဆက်မပြောကြာတော့ပါ။ အကြောင်းက သူမရဲ့ပုံစံကြောင့်ဖြစ်နိုင်သည်။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now