Season 2 Part 11

339 52 2
                                    

Unicode version

ရှာရွန်ဆိုတာ။

ပင်းယာနဲ့အတူ။ အတိတ်ဆီကိုပြန်လှည့်ဖို့ ရှာရွန်သဘောတူပြီးတဲ့နောက် မေဘယ်လာရဲ့အကူအညီနဲ့။

တားမြစ်သစ်တောမှာ သူမတို့ပြောင်းရွေ့နေထိုင်သည်။ ကိစ္စတွေအများကြီးဖြစ်သွားလဲ့ပေမယ့် ဒီကိစ္စမှာ ရီမွန်တယောက်လွတ်နေခဲ့တာကြောင့် မေဘယ်လာနဲ့ရီမွန်က Windyine. ကိုကြီးကြဖို့ တာဝန်ယူသည်။

ငြိမ်းချမ်းခြင်းသင်္ကေတပြယုဒ်နယ်မြေ ဘယ်မှာရှိလဲဆိုရင် ယိုလီတယောက်သာသိမှာဖြစ်တဲ့အပြင် ရှာရွန် ပဲရှာနိုင်မည်သာ။

ဖြတ်ဆီးမယ့်သူနဲ့ ဖြတ်ဆီးရခြင်းရဲ့အကြောင်းအရင်းဖြစ်တဲ့သူနှစ်ယောက်လုံး မရှိတဲ့အတွက် လောကကြီးအေစချမ်းမေသည်။

ဒါပေမယ့် သူတို့တွေကတော့ တိတ်ဆိတ်မှုကသာ ကြီးစိုးနေခဲါရသည်ပင်။

တားမြစ်သစ်တောရဲ့အစွန်ဆုံး ရေချောင်းဘေးမှာလူနေအိမ်တလုံးရှိသည်။ ပင်းယာကော ရှာရွန်ကော နှစယောက်လုံးအတူရှိနေပြီး အခန်းအလယ်မှာ မီးဖို ပြုလုပ်ထားသည်။

တဖက်တချက်စီထိုင်ရင်း ပင်းယာ ပေးတဲ့အစိမ်းရောင်ဆေးရည်တမျိုးကိုမော့သောက်လိုက်သည်။

စိမ်းရွေ့ှရွှေ့အနံ့နဲ့အရသာက ပြန်ထွက်လုမတက်ဘဲ။ မနည်းကြိတ်မှတ်မြိုချလိုက်သည်။

"ဒီဆေးရည်နဲ့ ငါတို့ချင်းပြန်ဆက်သွယ်မယ်။ နင်က ယိုလီကိုရှာ။ ငါက ရေခါကိုရှာမယ်။

ငါတို့ရဲ့ဘဝအစကနေ သူတို့ဆီကိုသွားရမှာဆိုတော့။ နာကျင်စရာတွေအမှတ်တရတွေ။ ဒဏ်ရာဟောင်းတွေပြန်ပေါ်လာလိမ့်မယ်။

အားလုံးမဟုတ်ပေမယ့်။ သတိမရတော့တဲ့ အပိုင်းတွေလဲ သတိရလာမယ်။ ရှာရွန်အနေနဲါ တခုပဲ သတိထားပေး။

ယိုလီနဲ့အတူတူ‌ရှိနေခဲ့တဲ့အချိန်အတွင်း သူဖန်တီးသမျှကို မှတ်သားထားပေး။

ငြိမ်းချမ်းရေးပြယုဒ်ဆိုတာ သူဖန်တီးထားတာ။ဖန်တီးမှုကို ရှာရွန်ကျိန်းသေတွေ့မြင်ပါလိမ့်မယ်။

ဘယ်သူကအရင်ရှာတွေ့မယ်ဆိုတာ မသိပေမယ့် ငါ့အတွက်ကခက်ခဲတယ်။ နင့်ရဲ့စီးမျောနေတဲ့မှတ်ဉာဏ်ထဲကို ငါဝင်ကြည့်ရုံကလွဲရင် ဘာမှမကူညီနိုင်ဘူး။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now