Season 2 Part 4

335 57 3
                                    

Unicode version

"သခင်မ ရောက်လာပြီလား"

အိမ်ထဲကထွက်လာပြီး သူမကိုဦးညွှတ်သည်။ ယိုလီနေရာမှာပဲရပ်နေသည်။

"ဂျိနိး"

လျှပ်စီးနဲ့အတူမိုးချုန်းသံကျယ်ကလဲခြောက်ခြားဖွယ်။ မူဝါ သူမဆီကို တုန်တုန်ရီရီနဲ့ အမြန်လျောက်လာနေသည်။

သူမရှေ့ရောက်တော့

"သခင်မလာတွေ့မယ့်ရက်ဆိုတာ ဒီနေ့ဖြစ်နေမယ်ဆိုတာ ကျွန်မသိပါတယ်"

"အသက်ကြီးလာတော့ကျန်းမာရေးလဲမကောင်းတော့ဘူး"

ယိုလီက

"မေဘယ်လာ ဘယ်မှာလဲ"

ဆိုတော့ပြုံးသည်။ သို့ပေမယ့်ခေါင်းခါရင်း

"ဘယ်မှာဆိုတာ အတိအကျမတိပါဘူး။ သခင်မ ဒီကို လာတွေ့တဲ့အချိန်မှ ပစ္စည်းတခုပေးဖို့ချန်ထားခဲ့ပါတယ်"

တဆက်တည်း အဖြူရောင်လက်ကိုငိပုဝါလေးသူမကိုတရိုတသေကမ်းလာသည်။

သူမလှမ်းယူချိန် ပုဝါပေါ်မှာပန်းချီတခုရေးဆွဲထားတာသိလိုက်သည်။

"ကျွန်မ ရဲ့နောက်ဆုံးအချိန်ကိုရောက်နေပါပြ္။ ဒါကြောင့် စကားနည်းနည်းပြောပါရစေ"

ယိုလီ တိတ်ဆိတ်နေရင်း ပုဝါကိုသာအာရုံစိုက်နေသည်။

"သခင်မ ‌ဒီကိုရောက်လာပြီဆိုတော့ Windyine ရဲ့ပျက်သုန်းခြင်းနီးကပ်လာပြီလို့ဆိုရပါမယ်"

ယိုလီမျက်လုံးလှန်ကြည့်လိုက်သည်။ မူဝါက လက်နှစ်ဖက်ကိုဆူတ်ချေနေပြီး

"တချိန်မှ တစုံတ‌ယောက်နဲ့ Windyine ကိုလဲလှယ်ရတော့မယ်ဆို‌ရင် သခင်မ ဆုံးဖြတ်ချက်က အဖြေပါ"

"ရှာရွန်ကိုပြောချင်တာလား"

"မဟုတ်ပါဘူး။ အဲ့ကလေးမက အရမ်းဖြူစင်ပါတယ်။ သူက သူ့ကြောင့်အကြပ်အတည်းဖြစ်မှာ အရမ်းကြောက်တာ"

ယိုလီက

"Windyine က ငါနဲ့ ဆိုင်တာလေ။ ငါသေရင် ဒါလဲပျက်စီးမှာပဲ ဒီတော့ ငါ့ကိုဘယ်သူသတ်နိုင်မှာလဲ"

မူဝါနူတ်ဆိတ်သွားသည်။

"တခုမေးမယ် ငါ့ကိုဘယ်သူသတ်မှာလဲ။ မေဘယ်လာလား။ ရေခါလား။ပင်းယာ ။ဒါမှမဟုတ် ရီမွန်လား"

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now