Part 15

425 70 5
                                    

Unicode version

မိုရင်။

မီးအိမ်ကိုစာပွဲပေါ်ချလိုက်သည်။ သူအနိုင်ရလာတယ်။ ဒါပေမယ့် သိပ်ပြီးဘဝင်မကျဘူး။ အမှောင်အစောင့်အရှောက်သခင်မရဲ့ မြူမှုန်တမှုန်‌မျှတောင် သူ့အစွမ်းအစကိုထူတ်မသုံးဘဲနေနိုင်တာဘာကြောင့်လဲ ဆိုတဲ့မေးခွန်း။

သူနဲ့ယှဉ်လို့မရတဲ့သူကို မိုရင်အနိုင်ယူလာတာဟူတ်ရဲ့လားဆိုတာ သံသယဖြစမလာသည်။

မီးအိမ်ထဲမှာ မီရူယီလီရဲ့ဝိဉာဉ်အားလုံးရှိတယ်။ ယူလာတာဟုတ်ပါပြီ။ ဘာလုပ်ရမှာလဲ။

"ဘာတွေကြံစည်နေလို့တမင်အလျော့ပေးလိုက်တာလဲ။"

"သူအလျော့မပေးပါဘူး"

တခြားတယောက်ရဲ့အသံကြောင့် ချက်ချင်းမီးအိမ်ကိုဝှက်ဖို့ကြိုးစားသည်။

အရင်တခါကလို မျက်နှာမပြ။

"သူအလျော့ပေးနေတာမဟုတ်ဘူး။ သူကိုယ်တိုင်ကသုံးစားမရတဲ့သူဖြစ်နေတာ"

"ဘာ"

သူမအနားတဖြေးဖြေးလျောက်လာပြီးမီးအိမ်ကိုလှမ်းယူကာ

"သူကန့်သတ်ခံထားရတယ်။ လူတယောက်ထက်မပိုတဲ့အနေအထားနဲ့မို့ နင်သူ့ကိုနိုင်တာပေါ့။

မဟုတ်ရင်....."

မိုရင် မီးအိမ်ကိုပဲ အာရုံစိုက်နေသည်။

"ဝိဉာဉ်ဆွဲထုတ်နိုင်တာ အရမ်းတော်တာပေါ့။ ပင်းယာတို့မလိုက်လာသေးခင် လုပ်သင့်တာလုပ်ရမယ်"

မီးအိမ်ကို စာပွဲပေါ်ပြန်ချပေးပြီး။

"ဒါကိုဘာလုပ်ဖို့စဉ်းစားထားလဲ"

မိုရင်ခေါင်းခါလိုက်သည်။ တကယ်ကိုမသိသေးတာဖြစ်သည်။ အမည်မသိအမျိုးသမီးရဲ့

"ရှာရွန်ကိုခေါ်လို့ရတယ်လေ"

မိုရင်က

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ရှာရွန်ကားတိုက်ခံထားရတယ်။ အခုဆေးရုံမှာ။ ငါရောက်တဲ့အချိန် ရှာရွန်ရဲ့ဝိဉာဉ်လဲပျောက်နေတယိ"

ဘယ်လို။ ထူးဆန်းတာတွေဖြစ်နေတာပဲ။

"ပင်းယာတို့ဆေးရုံရောက်‌ေနပြီ။  ဒါကိုအသုံးချပြီးရှာရွန်ကိုခေါ်လိုက်။ ဒါကိုမပျက်စီးစေနဲ့။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now