Season 2 Part 5

335 50 2
                                    

Unicode version

ပင်းယာ အခြေအနေက ။

လက်လျော့ရမလိုဖြစ်နေသည်။ တကိုယ်လုံးဓါးနဲ့ထိုးသွင်းဒဏ်ရာအချက်၂၀ကျော်ကြောင့်သွေးလွန်နေတဲ့အခြေအနေ။

ပင်းယာကိုသာမန်ဓါးနဲ့ထိုးလို့မရသလို။ ဓါးဒဏ်ရာကလဲ ရေခါရဲ့ဓါးသွားနဲ့ဆင်တူနေပြီး ရေခါကိုကြည့်ပြန်တော့လဲ ဓါးနဲ့ထိုးနိုင်တဲ့အခြေအနေမဟုတ်။

တမင်အထင်လွဲအောင်လုပ်ထားတယ်ဆိုတာမပြောဘဲနဲ့သိနိုင်သည်။

ပင်းယာကိုဘယ်လိုကယ်ရမလဲ။ သွေးတိတ်အောင်လုပ်နိုင်ပေမယ့် သွေးပြန်ဖြည့်ဖို့က။ ဘယ်လိုမှ မရနိုင်ပါ။

မူဝါပေးလိုက်တဲ့ကြွေပုလင်းကိုထုတ်ယူလိုက်သည်။ အဖုံးဖွင့်လိုက်သည်။ ခရမ်းရောင်အငွေ့များထွင်လာပြီး။

ပင်းယာကိုယ်ပေါ် လွှမ်းခြုံသွားသည်။ အသက်ကယ်ဆေးများလား။ ထိုအခိုးအငွေ့များက ရစ်သိုင်းနေသည်။

ပျောက်ကွယ်ခြင်းမရှိသလို ပင်းယာကိုဆေးကုပေးနေသလားပဲ။ စိတ်ချသွားတယ်ထင်ရသည်။

"ယိုလီ။ ရေခါ သတိရလာပြီ " ခေါင်းညိတ်ပြီး

"ဟေဗင် ထူးခြားတာရှိရင် အမြန်ဆုံးသတင်းပို့"

"ဟူတ်ကဲ့သခင်မ"

ယိုလီ ထိုနေရာကထွက်လာသည်။ ရီမွန်က

"ရှာရွန်ကော မတွေ့ပါလား"

ယိုလီမျက်မှောင်ကုတ်နေသည်။ ပြန်ရောက်ကတည်းက စိတ်တိုနေသည့်ပုံစံ။

"သူအဆိပ်မိထားတယ်"

"ဘယ်လို"

ယိုလီက

"ရေခါကကော ဘာဖြစ်တာလဲ"

ရီမွန်က

"ရုတ်တရပ် အမှောင်ကျသွားတဲ့အချိန် ရေခါရဲ့အဆောင်ကနေ အော်သံကြားလိုက်ရတယ်။

ငါတို့ရောက်သွားတဲ့အချိန် ပင်းယာလဲကျနေပြ္။ ရေခါက ကုတင်ပေါ်မှာပဲ။
ဒါပေမယ့်...."

ရီမွန် အံတင်းတင်းကြိတ်ပြီး

"သူ...သူမုဒိန်းကျင့်ခံထားရတယိ" ယိုလီရဲ့ခြေလှမ်းကတုန့်ခနဲရပ်သွားသည်။ ရီမွန်က

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now