Part 7

478 70 6
                                    

Unicode version

"မင်းလိုက်ခဲ့ရမယ်"

မလိုက်ရင် ရအောင်တနည်းနည်းနဲ့ခေါ်သွားမယ်။သူမအတွက်ဦးစားပေးက ဝိဉာဉ်နှလုံးသား။

သွေးပုလဲရဲ့ ဦးစားပေးကကော။

"ဘာလို့ကျွန်မကိုလိုက်စေချင်တာလဲ"

ယိုလီက

"ငါနင့်ကိုပိုင်တာလေ။ ငခ ါက ....အမှောင်"

သွေးပုလဲက ထမင်းစားပွဲပေါ်က အားလူးထောင်းကျော်ကိုဇွန်းနဲ့ခပ်ပြီး သူမကိုခွံ့လိုက်သည်။

"ဒါစား။ ဒါမှဗိုက်ပြည့်မှာ။ မဟုတ်တမ်းရားပြောရုံနဲ့ညဗိုက်မပြည့်ဘူး"

ယိုလီ လက်မှိုင်ချသွားသည့်ရုပ်ဖြင့်။

"ငါ့မှာသက်သေပြစရာဘာမှမရှိလို့ သိလား"

သွေးပုလဲက နူတ်ခမ်းတွန့်ပြီးပြုံးသည်။

"သူနဲ့ဆင်တူတယ်ဆိုတိုင်း သူဖြစ်ရောလား။ စိတ်ကူးမယဉ်ပါနဲ့။ ရှင်စိတ်ကူးယဉ်သလိုဆိုရင် ကျွန်မလဲစိတ်ကူးယဉ်လို့ရတယ်။"

ယိုလီမျက်စောင်းထိုးလိုက်သည်။ သူပြောတာလဲဟုတ်တယ်။ ဘာနဲ့သက်သေပြမှာလဲ။ ကိုယ့်ဘာသာကိုယ်တောင်မကာကွယ်နိုငိဘဲနဲ့ ချောက်ထဲပြုတ်ကျလာရတာမဟုတ်လား။

"တနေ့သိလာမှာပါ။ ငါပြောတာစိတ်ထဲမထားနဲ့"

"ဖူး" ရယ်ချင်တာအောင့်ထား၍လားပဲ။ သွေးပုလဲ ရဲ့ရာ်သံထွက်လာသည်။

ဒါတမင်လှောင်တာမဟုတ်လား။ တောက်။ ဒီမလောက်လေးမလောက်စားလိပ်ပြာမက။

ငါ့ကို။ ငါလိုသူကို။သူက။ လက်သီးတင်းတင်းဆုတ်ထားသည်။

"ပြီးတော့လော မမဝါနုကော ဖေဖေကော ဒီမှာရှိနေတာဘယ်လိုနည်းနဲ့မှရှင့်နောက်လိုက်မှာမဟုတ်ဘူး"

သူမကိုသေချာစိုက်ကြည့်ပြီးပြောသည်။ တော်ရုံမဝံ့မရဲတွေထဲသူမက ။လူမထင်တာပဲ။ ဒါက။

အညိုးတွေ။ အညိူးတွေ။ သူ့လက်ထဲရောက်လာတာနဲ့အမှုန့်ဖြစ်တဲ့အထိကျိတ်ချေခံရမယ့်အညိုးတွေ။

ဘာလို့ဒီလို သူကိုချစ်ခဲ့တာလဲ။ ပြောရမယ်ဆိုရင် ရင်ကွဲပက်လက်ကိုဖြစ်ခဲ့တ။ နှစ်သုံးရာကျော်ကြာပြီးတဲ့နောက်။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now