Part 3

648 73 1
                                    

Unicode version

မိသားစုထမင်းဝိုင်း။

ဦးသက်နိုင်ကျော်က စားပွဲထိပ်တွင်ထိုင်သည်။ စာပွဲတစ်ဖက်တချက်စီတွင်တော့ တဖက်ကိုလေးယောက်စီအစဉ်လိုက်ထိုင်သည်။

သားသမီးငါးယောက်ရဲ့ရှေ့ဆုံးမှာက ယိုလီ(ခေါ်) သစ်စိမ်း။ ပြီးတော့ မယားသုံးယောက်ရဒ့ ကြီးစဉ်ငယ်လိုက်။ လေးယောက်။

သူမနဲ့မျက်နှာချင်းဆိုင်မှာ‌ တော့ မယားသုံးယောက်။ဦးသက်နိုင်ကျော်က

"အခုလိုလက်ဆုံမစားရတာလဲအတော်ကြာပြီ။ ကျောင်းတက်တဲ့သူက ‌တက်။ အလုပမလုပ်သူကလုပ်ဆိုတော့ ဆုံဖို့ခက်ခဲတယ်"

"ပြီးတော့ သစ်စိမ်း" ယိုလီ လှည့်ကြည့်လိုက်သည်။

"ဘားမှာပဲအချိန်ကုန်နေတာလေးနည်းနည်းလျော့။ ဖေဖေ့အလုပ်တွေမှာ ဝင်ကူဖို့စဉ်းစားတော့။ "

ယိုလီတချကိပြုံးလိုက်သည်။

"ကိုကြီး။ ရဲသွေးလဲ ကျောင်းပြီးပြီလေ ။ ဘယ်အချိန်မှ အလုပ်ထဲသွင်းမှာလဲ"

"ဟုတ်တယ်။ နှင်းရဲ့သမီးလေး ကေသွယ်လဲ ကျောင်းပြီးနေပြီကို"

ဦးသက်နိုင်ကျော်က လက်ကာပြရင်း

"သိပါတယ်။ စီစဉိထားပြီးသား။ သစ်စိမ်းကိုအရင်အလုပ်ထဲဝင်စေချင်တာကလဲ သူ့အမေရဲ့ဆန္ဒပြီးမြောက်အောင်လို့။

သူ့အသက်က၂၆ ကျော်နေပြီ။ "

ယိုလီမျက်ခုံးပင့်လိုက်သည် ။ အသက်၁၀၀၀နီးပါးရှိနေသော သူမရဲ့အသက်။ ဒါပေမယ့် ၂၆ ဆိုလဲ ၂၆ ပေါ့။ ငယ်ရတာကောင်းပါသည်။

"ဒါကြောင့် မနက်ဖန် ဖေဖေနဲါကုမ္ပဏီလိုက်ခဲ့"

ယိုလီက

"သိပ်စိတ်မဝင်စားဘူး။ စိတ်မဝင်စားရင် အလုပ်ကလဲအဆင်ပြေမှာ မဟုတ်ဘူး။အဆင်မပြေရင် ကုမ္ပဏီပဲနစ်နာမှာ။တခြားသူရွေးလိုက်ပါ"

သူမကို အကဲခက်နေတာကြောင့်ဝေ့ကြည့်လိုက်သည်။

ထို့ကြောင့်

"ဒါနဲ့ စမ်းကြည့်လို့အမှားလုပ်မိရင်တော့ အပြစ်မတငိဘူးမဟုတ်လား"

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now