🌞28🌕

4K 392 58
                                        

မိဘုရား မူးလဲသွားတဲ့သတင်း ကြားတာနဲ့ မိဘုရားကြီးဟာ အရှေ့နန်းဆောင်သို့ ခပ်သုတ်သုတ် ရောက်ရှိလာခဲ့သည်။

"သားတော်က ရောက်နှင့်နေပြီလား ဘယ်လိုဖြစ်တာလဲ မယ်မယ်ကြားကြားချင်း လိုက်လာခဲ့တာ...."

ပြာပြာယာယာ မယ်တော်ဟာ အရှင့်ကိုမြင်တာနဲ့ အကျိုးကြောင်းကို အရင်ဦးစွာမေးသည်။

"ကျွန်တော်လဲ မသိရသေးပါဘူး မယ်မယ် သမားတော်ကြီး ကြည့်ပေးနေတယ်...."

"စိုးရိမ်စရာတော့ မရှိလောက်ဘူးမလား...."

"မရှိလောက်ဘူး မယ်မယ် ကျွန်တော်နဲ့စကားပြောနေရင်း လဲသွားခဲ့တာ အားနည်းနေတဲ့ပုံပဲ...."

"တော်သေးတာပေါ့ သားတော်ရှိနေလို့....."

"သမားတော်ကြီး အခြေနေဘယ်လိုလဲ ဟို....နန်းသွေးတွေဘာတွေများ"

မယ်တော်ကြီးစကားအကြား သမားတော်ကြီးခေါင်းရှုပ်နေလျှက် ခေါင်းတွင်တွင်ခါပြသည်။

"စိုးရွံမိပေမဲ့ အဲလိုမျိုးမရှိပါဘူး အကြောင်းရင်းက ဘာလဲမသိပေမဲ့ ခန္ဓာကိုယ်က အားအရမ်းနည်းနေပါတယ် စိုးရိမ်စရာပါ....."

"သေချာပြန်စစ်ကြည့်ပါဦးလား သမားတော်ကြီး....."

"ကျွန်တော်မျိုး အကြိမ်ကြိမ်စစ်ကြည့်ပြီးပါပြီ လက္ခဏာသာ မပြတာ ဝေဒနါပြင်းပြင်းထန်ထန် ခံစားနေရပုံပဲ....."

"ဘာစကားလဲ သမားတော်ကြီး......!"

"စိုးရွံမိကြောင်းပါ မယ်တော်ကြီး ကျွန်တော်မျိုး ဒီကိစ္စမျိုးမကြံဖူးသေးပါဘူး...."

"အသုံးမကျလိုက်တာ...!"

"မယ်မယ် စိတ်ထိန်းပါ ဘာမှမဖြစ်လောက်ပါဘူး ဒီအတိုင်းပင်ပန်းသွားတာနေမှာ ခုတလော မိဘုရားက ကျွန်တော့်ကိစ္စတွေအများကြီး ကူညီပေးနေတာ......"

"ဒါပေမဲ့....."

"မယ်မယ် အတွေးလွန်နေတာ မိဘုရားကိုကောင်းကောင်း အနားယူခွင့်ပေးလိုက်ပါ ကျွန်တော်တို့ပြန်သင့်ပြီ...."

"သားတော်ပုံစံက ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား....."

ချွေးစေးတွေပြန်နေတဲ့ အရှင်က မယ်တော်ကြီးအကြည့်တွေကို လွှဲပစ်ကာ ဝတ်ရုံတော်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။

☀️Sun & Moon🌕Where stories live. Discover now