ထွက်သွားတာမကြာသေးသော အရှင်မင်းကြီးဟာ အိမ်ရှေ့စံအား လက်မှဆွဲခေါ်လာခဲ့သည် ဘယ်လိုဘယ်ပုံနဲ့ပါလာသလဲဆိုတာ နောက်သို့ပင်ပြန်မကြည့် မာထန်နေတဲ့မျက်နှာသည် လှမ်းကြည့်လိုက်တဲ့အခါ စူးစူးဝါးဝါးပြန်ကြည့်လာသည်။
ဘုရင်ကြီးလက်ထဲတွင် ကို့ရိုးကားယားပါလာသော အိမ်ရှေ့စံရဲ့ ပုံစံဟာမရှုမလှ ဘာတွေဖြစ်လာလဲဆိုတာ သိချင်ပေမဲ့ ကွက်ကြည့်ကွက်ကြည့်လုပ်ခြင်းကိုမကြိုက်သော အရှင်မင်းကြီးကြောင့် ခေါင်းတို့ကိုကျိုးမတတ်ငုံ့ထားရသည်။
"အထိန်းတော်ကြီး....."
"ဟုတ်...ဟုတ်ကဲ့အရှင်မင်းကြီး"
"စောင်းသွားယူပြီး တနေရာရာမှာသေချာသိမ်းထား....!"
"အမိန့်တော်မြတ်အတိုင်းပါအရှင်မင်းကြီး...."
ခြေလှမ်းကြဲတွေနဲ့ ဖြတ်လျှောက်သွားပြီးနောက် ဝုန်းခနဲ နန်းဆောင်တံခါးပိတ်သံကြားမှ အသက်ရှူရဲသည် ဒီကလေးရောက်လာမှ ဘုရင်ကြီးရဲ့ထိလွယ်ရှလွယ်ဒေါသတွေ ပိုပိုမြင်လာရသလို တခါတလေ လဲပြောမပြတတ်အောင် တက်ကြွနေပြန်တဲ့ ပုံစံနှစ်မျိုးနဲ့မင်းကြီးဟာပုံမှန်မဟုတ်ပါ။
"လွှတ်စမ်းပါ....!"
"အေး လွှတ်တယ်....လွှတ်တယ် ရပြီလား"
အိပ်ဆောင်ပေါ်ဖင်ထိုင်ချကာ နီရဲနေတဲ့ လက်ကောက်ဝတ်အား လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ထားရင်း.... နောက်ကျောပေးရပ်ကာ ခါးထောက်နေသူကို လုံးဝနားမလည်နိုင်စွာအိမ်ရှေ့စံငယ်လေး ကြည့်နေမိသည်။
"တောက်ခ်....!"
"ငါကခေါက်ရမှာ မင်းကဘာကိစ္စ လာတောက်ခ်ခေါက်နေတာတုန်း!!"
"မင်းကိုခေါက်တာမဟုတ်ဘူး....."
"ဒီအဆောင်ထဲမင်းနဲ့ငါနှစ်ယောက်ထဲရှိတာ ငါ့ကိုမဟုတ်ရင် ဘယ်သူရှိသေးလို့လဲ....!"
"ကိုယ်တော်ဟာကိုယ်တော်ခေါက်တာကွာ....."
"ငါ့ဘက်ကိုလှည့်ကြည့်ပြီးဖြေ ဘာကိစ္စငါ့ကိုရုပ်ပျက်ဆင်းပျက်ဆွဲခေါ်လာတာလဲ ဘုရင်တယောက်ဖြစ်နေတာနဲ့ ဘာဖြစ်ဖြစ်ဂရုမစိုက်တော့တာလား....."
YOU ARE READING
☀️Sun & Moon🌕