ကောင်းကင်တော်၌ နေနတ်သားနဲ့ လနတ်သားတို့နှစ်ဦး ချစ်ကြိုက်နေကျသည်ဆိုသော သတင်းများ ပျံ့နှံ့နေပြီး ကောင်းကင်တော်မှာရှိသော သူများစုစုရုံးရုံး ဖြစ်လာကျသည် လုံးဝမဖြစ်နိုင်တဲ့ ကိစ္စတရားကြီးပေမို့ ကောင်းကင်မင်းကြီး၏ အဆုံးဖြတ်ကို စူးစမ်းလိုသူများက ကောင်းကင်မင်းကြီးရဲ့ ဘုံနန်းသို့ ရောက်ရှိလာကျသည်။
ပုလ္လင်ထက်မှ ဒေါသမျက်လုံးများနဲ့စူးရဲစွာစ်ိုက်ကြည့်နေသော ကောင်းကင်မင်းကြီး၏ ဒေါသတရားဟာ တိုင်းတာဖွယ်ရာမရှိ ကြောက်စရာကောင်းနေခဲ့သည် ဘယ်ဘက်အခြမ်းတွင် လမင်းဖြူရှိနေပြီး ကောင်းကင်မင်းကြီးရဲ့ အနီးကပ်ဆုံးနေရာဖြစ်သည်။
ဒူးနှစ်ဖက်ကို ထောက်ရင်း ကောင်းကင်မင်းကြီးရဲ့အရှေ့တော်မှောက်တွင် လမင်းငယ် ခေါင်းတို့ကို ဦးစွာငုံ့ထားလိုက်သည်။
"ဖြောင်း!!"
ငုံ့ထားခဲ့သော ခေါင်းတို့ကို အလျှင်မြန်မော့ကာ ကြည့်လိုက်ချ်ိန် အဖြူစွတ်စွတ် ဝတ်စုံတော်၌ သွေးများစို့နေခဲ့သော ရင်နင့်သည်းချာချစ်ရတဲ့ လမင်းဖြူငယ်လေး။
အံတင်းတင်းကြိတ်လိုက်ကာ အကြည့်များကို ကောင်းကင်မင်းကြီးထံ ပို့လိုက်ချိန် ငွေရောင်တလက်လက် တောက်ပနေသော ကြိမ်ကြိုးအား ခပ်တင်းတင်းဆုပ်ထားတာ တွေ့ရတဲ့အခါ နေနတ်သား အောက်နှုတ်ခမ်းတို့အားဖိကိုက်ပြီးသားဖြစ်သည်။
"ဖြောင်း!!"
နောက်တချက်ကျရောက်သွားသော ကြိမ်ချက်သည် ဒူးထောက်ထားသော လမင်းဖြူအား မှောက်လျက် လဲကျသွားသည်အထိ ပြင်းထန်ခဲ့ပါသည် နှလုံးသားတခုလုံးစုပ်ချေခံလိုက်ရသလို နာကျင်နေပေမဲ့ အသံပင်မထွက်ရဲခဲ့ ဖိကိုက်ထားသော နှုတ်ခမ်းတို့မှ သွေးစများထွက်ကျလာသည်။
မလှမ်းမကမ်းတနေရာမှ ကျွန်တော့်ထံ စူးစိုက်ကြည့်နေသော ကြယ်နတ်သားရဲ့ အကြည့်တွေမှာ ဝမ်းနည်းမှုတွေ အပြစ်တင်မှုတွေ အနိုင်ယူလိုမှုတွေပြည့်လျှံနေသည်။
ဒီကိစ္စက သေချာပေါက် ကြယ်နတ်သားရဲ့လက်ချက်သာဖြစ်လိမ့်မည် ကျွန်တော် လမင်းဖြူနဲ့ခိုးဝှက်ချစ်ကြိုက်ခဲ့တာ နှစ်ပေါင်းရာနဲ့ချီခဲ့ပြီ ကြယ်နတ်သား လမင်းဖြူအပေါ် မေတ္တာသက်ဝင်နေမှန်းသိခဲ့ပေမဲ့ ဒီလိုအကျင့်မျိုးကျင့်လိမ့်မယ်လို့တော့ လုံးဝမထင်ထားခဲ့ အောက်တန်းကျလွန်းပါသည်။
YOU ARE READING
☀️Sun & Moon🌕