🌞19🌕

4.2K 383 12
                                        

မနက်လင်းတာနဲ့ အခြေနေတွေသုံးသပ်ရန် ကွေးကွေးလေးအိပ်ပျော်နေတဲ့ ရင်ခွင်ထဲက ကောင်လေးကို လက်မောင်းပေါ်မှ ခေါင်းလုံးလုံးလေးအား အသာဖယ်လိုက်တော့ တဖက်လှိမ့်သွားသည် နိုးတော့နိုးမလာတဲ့သူအနားကတိတ်တိတ်လေးထလာကာ ကိုယ်လက်သန့်စင်ရန်အရှင် ရေချိုးဆောင်ဝင်လိုက်သည်။

အရှင်က မျက်နှာဖူးဖူးလေးညှိုးကျသွားချိန်နဲ့ မကြည်လင်စိတ်ညစ်သွားတဲ့အခါမျိုးကိုသာ ပြသနာလို့သတ်မှတ်ပြီး မြန်မြန်ဆန်ဆန်ကိုင်တွယ်ဖြေရှင်းတတ်တဲ့သူ။

မနေ့က ကိစ္စကိုတော့ပြသနာလို့မတွေးမိ အခြေနေနဲ့အချိန်ခါအရ ဖြစ်သွားတဲ့ မတော်တဆမှုလေးလို့သာ ခပ်ပေါ့ပေါ့တွေးခဲ့သည်။

အရှင်က ကိစ္စအများ​ကြီးခေါင်းထဲမထည့်တတ် လောကတရားတွေနဲ့ သီးခြားရှင်သန်တတ်တဲ့သူဖြစ်သည်။

အရှင် အေးအေးချမ်းချမ်းမနေနိုင်ဘူး ဂတိသစ္စာတွေနဲ့ နှလုံးသားရဲ့အစွဲတွေဟာ အရှင့်နေ့ရက်တွေတိုင်း ပူပူလောင်လောင် ပြန်မဆုံနိုင်ခဲ့တုန်းကမဆုံနိုင်သေးလို့ တွေ့ဆုံရပြန်တော့လဲထပ်ထပ်လွဲမှားနေတဲ့​ကံတရားကိုကြောက်နေခဲ့ရသည်။

ကံကြမ္မာရဲ့လွန်ဆွဲမှုတွင် အတားဆီးတွေနဲ့ ဘဝနှစ်ခုပေါင်းဖက်နိုင်ဖို့ဆိုတာ အရှင့်အတွက်မလွယ်ကူခဲ့ဘူး အဲဒါက ကောင်းကင်ကပြစ်ဒဏ်.... ရွေးချယ်မှုတွေဟာလဲ သိပ်ပြတ်သားတယ်မရရအောင်ပေါင်းစပ်မယ်ဆိုတဲ့အစွဲကြီးလွန်းတဲ့နှလုံးသားတွေဟာကျောက်တည်ထားသလိုမျိုးရှိခဲ့သည်။

လူ့စည်းလူ့ဘောင်တွေရဲ့ ကန့်သတ်မှုအောက် အရှင်မျောမျောလေး ရှင်သန်သွားရင် နောက်ထပ်နောက်ထပ် လမင်းဖြူကို ဆုပ်ကိုင်ထားနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့အသိဟာနှလုံးမှာတိတ်တိတ်လေးခိုအောင်းနေခဲ့တာ။

အရှင့်နှလုံးသားရဲ့ အင်အားတခုဟာ ဘယ်သူမှမမြင်နိုင်ပေမဲ့ သိပ်ကိုကြီးမားလွန်းတယ်
ပေးဆပ်မှုတွေက အရှင့်နှလုံးသားတခုထဲမှမဟုတ်ခဲ့တာ ဒါဟာအရှင့်စိတ်ကိုပိုပြတ်သားစေတယ်။

စည်းတွေဘောင်တွေရဲ့ ရက်စက်တဲ့မြင်ကွင်းတွေကို ရင်နာနာနဲ့ကြည့်ခဲ့ရပြီး နှလုံးသွေးတွေကျခဲ့ရတာ ငါ့ကြောင့်ဆိုတဲ့အပြစ်တင်မှုတွေက ကျင်လည်ရာဘဝတွေအထိ ကပ်ညှိခဲ့တော့ အရှင်ဟာလုံးဝအထိခိုက်မခံနိုင်တဲ့ သဲသဲလှုပ်မှုမျိုးနဲ့ ချစ်ပေးကာကွယ်ပေးချင်သည်။

☀️Sun & Moon🌕Where stories live. Discover now