ပွဲဆူနေတဲ့ အရှင့်ကြောင့် မိဘုရားနဲ့မင်းသမီးဟာ မိဘုရားလောင်းဆီ အပြေးသွားခဲ့ရသည်
အရှင်ဟာ ဘယ်သူ့မျက်နှာမှမကြည့်ဘဲ အပြေးလွှား အမိန့်တွေပေးနေတာမို့ တားလဲမတားရဲခဲ့။
မ်ိဘုရားအထင်တော်မလွဲစေဖို့ သေချာအကြောင်းပြရန် တယောက်ထဲထိုင်နေတဲ့ မိဘုရားလောင်းဆီ မိဘုရားကြီးသွားလိုက်သည်။
"မိဘုရား မယ်မယ်တောင်းပန်ပါတယ် အခုပျောက်နေတာက တဖက်တိုင်းပြည်က အိမ်ရှေ့စံဆိုတော့ မင်းကြီးမှာ တာဝန်ရှိလို့ပါ...."
မနီးမဝေးတိုင်းပြည်တခုက ဘုရင်ကြီးရဲ့ ဒုတိယမြောက် မင်းသမီးရှန်ဆိုအာဟာ သူ့တိုင်းပြည်တခုထဲမဟုတ်ဘဲ အ်ိမ်နီးချင်းနိုင်ငံတွေအထိ အလှပနဲ့ကျော်ကြားတဲ့သူဖြစ်သည်။
သားတော် သဘောကျစေရန် အချောဆုံးအလှဆုံးဆိုတဲ့မင်းသမီးရှန်အား မရမက ကမ်းလှမ်းထားခဲ့ရကာ မင်းသမီးအရှိန်ဝါသည်တော်ရုံနောက်လို့ကောင်းတဲ့ထဲတော့မဟုတ်ခဲ့ဘူး။
ရုပ်ချောသလောက် မာနကြီးတဲ့နေရာမှာလဲ သူကစံတဲ့ သူ့အနေထား သူ့ပုံစံနဲ့သူ့မာနဟာ ပိုတယ်လို့ပြော၍မရပါ လူတိုင်းရုတ်ရုတ်သဲသဲဖြစ်နေတာတောင် မိဘုရားလောင်းရဲ့ မျက်နှာဟာ တိမ်မရှ်ိတဲ့ကောင်းကင်လိုကြည်ရှင်းနေ၏။
အလိုမကျတဲ့ အရိပ်ယောင်မျိုးထုတ်မပြသလို ဘာဆိုဘာမှမခံစားရသလို အမူယာနဲ့ တယောက်ထဲလဲ တောက်ပနေတုန်း။
မှားယွင်းခဲ့ရင် မိဘုရားဘက်က စိတ်ကွက်သွားခဲ့ရင် ဖြစ်လာမဲ့နောက်ဆက်တွဲပြသနာတွေဟာ အဆိုးဘက်ကြီးပဲသွားတော့မှာကိုသိရတဲ့မိဘုရားကြီးဟာအရှင့်လုပ်ရပ်ကိုဒေါသထွက်လာသည်။
"ရပါတယ် အရေးကြီးတဲ့ကိစ္စမလို့ ကျွန်မကောင်းကောင်းနားလည်ပေးရမှာပေါ့
ရှာတွေ့မှာပါ နန်းတော်ကြီး ဘယ်လောက်ကျယ်ကျယ် ဒီလောက်လူအင်အားနဲ့ဆိုအချိန်မကြာလောက်ပါဘူး...."
"အားနာပါတယ် မိဘုရား ဒီလိုနေ့မှဒီလိုဖြစ်သွားရတယ်လို့ မယ်မယ့်ပေါ့ဆမှုကြောင့်လဲပါသွားတယ်....."
"ဘာမှမဖြစ်ပါဘူးမယ်မယ် ပွဲကလဲပြီးသလောက်ဖြစ်နေပါပြီ......"
မိဘုရားဟာ စကားသာပြောနေတာ မိဘုရားခေါင်ကြီးနဲ့မင်းသမီးဘက် လှည့်တောင်မကြည့်ခဲ့ ရပါတယ်ဆိုတဲ့စကားနောက်မှာ မကျေနပ်မှုအနည်းငယ်က ကပ်ပါခဲ့ပြီးသား မျက်နှာထက်က မာနကိုတော့ သူမက ဘွဲ့ထူးတခုလိုချိတ်ဆွဲထားကာဟန်မပျက်။
ESTÁS LEYENDO
☀️Sun & Moon🌕