🌞16🌕

4.3K 401 31
                                        

ခေါင်းအစ ခြေအဆုံး မယ်မယ်လက်နဲ့လုပ်ကိုင်နေတဲ့ မိဘုရားတင်မြှောက်မဲ့ပွဲကို အရှင်သိပ်ပြီး အာရုံရမနေခဲ့ပါ။

ညီလာခံရှိတဲ့အခါ ပြေးတက်လိုက်နဲ့ တာဝန်ပြီးဆုံးတဲ့အခါ အရှင်နန်းဆောင်လေးကိုပဲ ပြေးပြေးပြန်ခဲ့တယ်။

ဘာလို့လဲဆို အရှင့်ရဲ့တခုတည်းသော ပိုင်ဆိုင်မှုလေးကို စိတ်မချခဲ့လို့ပါ ဘယ်သူနဲ့စိတ်မချတာလဲဆိုရင်တော့ တလောကလုံးနဲ့ပဲဆိုပါတော့ ကိုယ်ကလွဲရင် လူကောင်းတွေမှ မဟုတ်ကျတာလို့အရှင်ကသတ်မှတ်ထားသည်။

စာပေဆောင်က ကျွန်တော့် ကမ္ဘာငယ်လေးဖြစ်ခဲ့ဖူးပေမဲ့.... အခုလက်ရှိကျွန်တော် ကမ္ဘာပြောင်းသွားပြန်တယ် အဲဒါကျွန်တော့် နန်းဆောင်ပဲ ဖြစ်နိုင်တယ် ခြေတစ်ဖဝါးမှ မခွာချင်ခဲ့ပေမဲ့ ပစ်ထားလို့မရတဲ့ ကိစ္စတွေကလဲ ခပ်များများကြား ပြေးလွှားလုပ်ဆောင်ခဲ့ရတယ်။

ဘာလို့များ ဘုရင်လာဖြစ်နေရလဲမသိတော့ပါဘူး ဒီအတိုင်း ဟီလာကအိမ်ရှေ့စံကိုစောင့်ရှောက်ရတဲ့ ကိုယ်ရံတော်လေး ဖြစ်ပေးလိုက်ရင်ပြီးရော တလွဲကံကြမ္မာကြီးမှာ ဆုံမှတ်တွေကမလွယ်ခဲ့ပါဘူး။

ရှင်ဘုရင်ဆိုတဲ့ဖြစ်တည်မှုဟာမလိုချင်လည်း အတင်းအကြပ်တွေမိဘုရားကောက်ပေးခံနေရပြီး ပြောမရ ရုန်းမရတဲ့အခြေနေတွေဖြစ်လာရင်တော့ မသိဘူး ဟီလာကိုအပြီးလိုက်သွားပစ်မဲ့ ဘာဖြစ်ဖြစ်ဆိုတဲ့ ​ရူးမိုက်ချင်တဲ့စိတ်လေးတော့ဖြစ်လာမိသည်။

တလောကလုံးရဲ့ မျက်နှာကိုထောက်ပါလို့ အော်ငိုနေကျရင်တောင် ကျွန်တော်မှာ ထောက်စရာ မျက်နှာဖူးဖူးလေး တခုသာရှိသည် အတ္တကြီးတယ်ထင်ရင်လဲ အဲလိုပဲပေါ့ ရင်းခဲ့ရတာတွေကလဲသိပ်ကိုများခဲ့တယ်လေ။

ဘဝရဲ့ ပုံသေနည်းတွေ သွားချမပြနဲ့ ဒီကောင်လေးနဲ့ပတ်သက်ရင် သူကအဆုံးဆိုတဲ့ အရာတွေကိုပဲရွေးချယ်တတ်တာ ကောင်းကင်တော်တခုလုံးကိုတောင် သူစိန်ခေါ်ရဲတာ တိုင်းပြည်တခုလောက်ကိုသူခေါင်းထဲထည့်နေစရာမလိုဘူးလို့သတ်မှတ်ထားတာ။

အဆင်ပြေသလိုနေပေးလို့ရတယ် ရင်ခွင်ထဲက သေးသေးလေးကိုဆွဲမထုတ်သေးခင်အချိန်ထိ ဒိီရှင်ဘုရင်က မေတ္တာသမား....ထိလာရင်တော့ သုံးလောက ကိုမီးလောင်တိုက်သွင်းပေးမဲ့ မိစ္ဆာတပါးဆိုလဲဖြစ်ကိုဖြစ်ရမယ်။

☀️Sun & Moon🌕Where stories live. Discover now