အပိုင်း(၁၁.၁)

Start from the beginning
                                    

" မင်းပြန်ရောက်ကတည်းက... ငါအဲ့ဒါတွေကိုမင်းဆီ လွှဲပေးချင်ခဲ့တာ...ဒါပေမယ့်ဘယ်လို လုပ်ရင်​ကောင်းမလဲ မသိတာကြောင့် မင်းမွေးနေ့ရောက်တဲ့အထိ စောင့်နေလိုက်တာ "

လုဆွေ့၏ မျက်ခွံများက တုန်ရီနေလျက် စာရွက်၏ အစွန်းပိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ။

" ဘာလို့လဲ "

လင်းကျစ်ရန်က ပြုံးလိုက်ပြီး ။

" ဘာလို့ဆိုတော့ မင်းက ငါ့ညီလေးမို့လို့..ဒါတွေက မင်းနဲ့လည်း သက်ဆိုင်တယ် "

လုဆွေ့က မှုန်ကုပ်ကုပ်ဖြင့် တစ်ခုခုကိုတွေးတောနေကာ မေးရိုးများကို တင်းနေအောင် အံကြိတ်လိုက်ပြီး တစ်လုံးချင်းပြောလာ လေ၏ ။

" ဒါတွေက အဖေ ခင်ဗျားကို ပေးခဲ့တာလေ "

လင်းကျစ်ရန်က သက်ပြင်းချလိုက်သည် ။

" အဖေအသက်ရှိစဥ်က မင်းပြန်လာမယ့်အချိန်ကို ငါ့ကိုအမြဲမေးတယ်...သူကမင်းကို ချစ်ပါတယ်..ဘယ်လိုဖော်ပြရမှန်း မသိလို့သာ...ဒါကလည်း သူဆန္ဒရှိတဲ့အရာလို့ ငါယုံတယ်..ဒီနေ့ ကိစ္စသာသူမြင်နိုင်ရင် ငါတို့အတွက် ဝမ်းသာနေမှာ သေချာတယ် "

' ဒီလိုလား..သူက ကျွန်တော့်ကို ကရုစိုက်တယ်ပေါ့..ကျွန်တော့်ကို လိမ်မနေနဲ့..သူ ကရုစိုက်တယ်ဆိုရင် ဘာလို့ အဝေးကို ပို့ပစ်သေးလဲ....ပြီးတော့ ခင်ဗျား..ဒီအရာတွေကိုပြောဖို့အတွက်နဲ့ ကောင်းချင်ယောင်ဆောင်ပြမနေနဲ့..အဲ့တုန်းက ကျွန်တော် ခင်ဗျားကို အပြစ်မတင်ခဲ့ဘူး..အမှန်တရားကို လက်မခံနိုင်ရုံပါ..ကျွန်တော်ကြောက်တယ်..ကူကယ်ရာမဲ့တယ်...ခင်ဗျားကို ကျွန်တော့်အမေဘယ်မှာလဲ..ဘာလို့ပြန်မလာတာလဲလို့ မေးခဲ့တယ်..ကျွန်တော်လိုချင်တာက..ခင်ဗျား ကျွန်တော့်ကို နှစ်သိမ့်ပေးပြီး...မင်းမှာ ငါရှိပါသေးတယ်..ငါပြန်လာခဲ့ပြီ..ငါမင်းနဲ့အတူရှိပေးမှာပါ...မကြောက်နဲ့တော့..လို့ပြောပေးဖို့ပဲ....။

ဒါပေမယ့် ခင်ဗျားဘာလို့ ကျွန်တော့်ကို ငြင်းဆန်ခဲ့တာလဲ..ဘာလို့ ကျွန်တော့်ရဲ့ လက်တွေကို တွန်းဖယ်ပြီး မျက်နှာချင်းတောင် မဆိုင်ရဲခဲ့တာလဲ..အဖေက ကျွန်တော့်ကို အဝေးပို့လိုက်တဲ့အချိန် ဘာလို့ဒီတိုင်းကြည့်နေခဲ့တာလဲ...။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now