"ဟုတ်...ခြေထောက်က နည်းနည်းယောင်တာကျန်ပေမယ့် ကိုကိုနှိပ်ပေးနေ
လို့လားမသိ...  မကိုက်တော့ဘူး..."

"ကောင်းပါ့ဗျား...ဒါဆို လိုတဲ့ဆေးတွေပဲ ေပးခဲ့တော့မယ်..."

"သေနတ်ကိုင်တဲ့လက်တွေက အနှိပ်လည်းဖြစ်တယ်နော်...စီနီယာဆိုတာ ငှက်ပျောခွံနင်းပြီး ရှေ့ရောက်လာတာမဟုတ်ဘူးဆိုတာ တယ်မှန်သကိုး..."

"လာ လာချည်သေး...ဟောက်ရွှမ်းရေဆို ရေပါခပ်ပြီးသား ကောင်ကများကွာ..."

အကိုကျိရန်နှင့် ဝမ်ဝမ်လေးကတော့ တွေ့တာနဲ့သတ်နေသည့်နှစ်ယောက်ကို ပလစ်ကာ ထမင်းဝိုင်းပြင်ရင်း ဆေးတွေ၊ ဆောင်ရန်ရှောင်ရန် ကျန်းမာရေးကိစ္စတွေအကြောင်း ပြောနေလိုက်ကြသည်။

လေးယောက်သား ရှေးဟောင်းနှောင်းဖြစ်တွေ စပ်မိစပ်ရာ ပြောကြဆိုကြနှင့် အတော်လေး စကားကောင်းပြီးမှ ပြန်သွားကြတာဖြစ်သည်။

အကိုဟောက်ရွှမ်းလည်း အကိုကျိရန်တာဝန်ကျသည့် ဆေးတပ်ကို ပြောင်းမိန့်ကျလာသည်မို့ လူရင်းတွေပြန်ဆုံကြရခြင်းကို ပိုအားတက်ရပါသည်လေ။

"ဘာပြုံးတာလဲ ကိုယ့်ကလေးလေးရဲ့..."

ပုခုံးလေးတစ်ဖက်ကို ဖွဖွဖက်ရင်း လက်ချင်းဆုပ်ကာ လျှောက်နေကြရင်းမှ ပါးလေးတွေ မို့တက်သွားသည့် ဝမ်လေးကြောင့် အသည်းတယားယား မေးမိရသည်။ ညနေစာစားပြီးသည်နှင့် ခြံရှေ့မှာ ခြေညောင်းလက်ဆန့်  လမ်းထွက်လျှောက်နေကြတာ ဖြစ်သည်။

"ဒီပန်းဝါဝါလေးတွေ တွေ့ရတော့ ကိုကိုနဲ့ဝမ်လေးတို့ canola ပန်းခင်းကြီးထဲမှာ ချစ်သူ​​ဖြစ်ခဲ့ကြတာကို သတိရသွားလို့..."

လမ်းဘေးမြက်ခင်းများဆီမှာ အလေ့ကျပေါက်နေသည့် ပန်းဝါဝါလေးများကို မေးငေါ့ရင်း ဖြေလာသည့် ဝမ်လေး။

"ဟုတ်တယ်နော်...ကိုကို့မှာ အံတွေသြလို့..."

"ရေခဲတုံးကြီး..."

"အဲ့ဒီတုန်းက ကောင်လေးတစ်ယောက် စိတ်တွေမရှည်ပဲ အတင်းပေါက်ကွဲပစ်တာ..."

"ကိုကိုနော်...လာမစနဲ့..."

"အဲ...ဖြည်းဖြည်းလျှောက်လေ...စွာတေးရ...ပိစိမူးနေလိမ့်မယ်..."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now