( ဒိုဘယ် - ပိုကိုပိုတယ် အတွဲတွေ

ဆယ်ဟွန်း - မင်းတိတ်တိတ်နေစမ်း )

အပြစ်လုပ်ထားတာကိုသိသည့်ကောင်လေးက စခေါ်တည်းက ဂျုံအင်ကိုစကားတွေနဲ့ချွဲနေတော့သည်။ဘေးနားကဒိုဘယ်နဲ့လည်းရန်ကောက်ဖြစ်လိုက်သေး။

" အင်း လွမ်းတာပေါ့ ကလေးအခုဘယ်မှာလဲ "

" အခုလား အိမ်မှာလေ "

"ဟုတ်လား ဦးလည်းအခု ကလေးအိမ်ရောက်နေတာ ကလေးကိုမတွေ့မိဘူးနော် "

" ဟိုက် ရှားပါးးး ! "

" ဂိမ်းသွားဆော့ပြန်ပြီဆို ကလေး "

" နည်းနည်းလေးဆော့တာပါဦးကလည်း "

" အခုရပ်နေတဲ့ နေရာမှာဘဲ ရပ်ပြီးစောင့်နေ ဦးလာခဲ့မယ် "

" ဟမ် ! ဦးကဒီနားမှာလား "

" အင်း "

Ph ချကာ ကားကိုရပ်ထားခဲ့င်္ပြး ကားပေါ်ကဆင်းကာကားရှင်းသည်အထိစောင့်ပြီး လမ်းကူးရသည်။

ဆယ်ဟွန်းကတော့ ph ချလိုက်တာနဲ့ လမ်းမဘက်ကြည့်ကာ ဦးကိုလိုက်ရှာရသည်။ဦး ကားကိုလည်းမတွေ့မိသလို။

" ဆယ်ဟွန်း ! ဟိုမှာမင်း ဦး "

ဒိုဘယ်လက်ညိုးထိုးပြရာနေရာကိုကြည့်လိုက်တော့ တစ်ဖက်လမ်းမှာ ဦးကကားရှင်းသည်အထိစောင့်ကာ ဆယ်ဟွန်းဆီကိုလည်းကြည့်လာသည်။ဒိုဘယ်ကတော့ ပြန်ပြီဆိုကာ ပြန်သွားလေပြီ။ဆယ်ဟွန်းလည်း လူကူးမျဉ်းကျားနားသွားကာ ဦးကိုစောင့်နေလိုက်သည်။

" ဦး ~~~ ! "

ဘေးလူတွေရှိလည်း ကလေးကဂရုမစိုက်ဘဲ ဂျုံအင်ကိုမြင်သည်နှင့် ခါးကိုဖက်လာသည်။ကလေးတောင် ဘေးပတ်ဝန်းကျင်ကိုလျစ်လျူရှူသေးတာ ဂျုံအင်ကလည်းဘာလို့ ဂရုစိုက်နေရတော့မှာလဲ။
ကလေးကိုပြန်ဖက်ထားကာ

" အဆိုးလေး ကစားလို့င်္ပြီးပြီပေါ့ "

" ပြီးပြီ ဦး သိလား ဒီနေ့လေ ကလေးဂိမ်းဆော့ကာ နိုင်လာတယ် ပိုက်ဆံတွေလည်းအများကြီးရလာတယ်သိလား ဦးကိုလက်ဆောင်ဝယ်ပေးမယ် "
( အဟင့် ငါလည်း ဦးလိုချင်တယ်လို့ 😭😭 အုပ်ကြီးရေ မိEri လေးကိုလာခိုးပါလားလို့ ရွှတ် )

BELOVED [ Completed ]Where stories live. Discover now