part- 15(uni)

160 28 4
                                    


"wow...ဘယ်ဆိုးလို့လဲ hyung တို့ကုမ္ပဏီဒါကြောင့်နာမည်ကြီးနေတာပေါ့..."

ပြင်ဆင်ထားတဲ့အခမ်းအနားပွဲအပြင်အဆင်ကို ကွင်းဆင်းလေ့လာပြီးတော့ သူတို့နှစ်ယောက်ဟိုတယ်ကပြင်ထားတဲ့ စားပွဲဝိုင်းတစ်ခုတွင်ဝင်ထိုင်ကြပြီးနောက် chanyeol မှချီးမွန်းထောပနာပြုစကားဆိုသည်။

"ဒီတစ်ခေါက်ကမင်္ဂလာပွဲဆိုတော့......."

စကားကိုပြီးအောင်မပြောပဲ ပတ်ပတ်လည်မှာရှိတဲ့အခမ်းအနားအပြင်အဆင်ကိုတစ်ချက်ဝေ့ကြည့်ရင်း

"ကြည့်ရတာသတို့သားက chinese ပဲနဲ့တူတယ်...ဟုတ္တယ္မလား hyung.... "

အနီရောင်တွေဝန်းရံထားပြီးတရုတ်စာလုံးတွေရေးဆွဲထားတဲ့စာရွက်တွေ၊နောက်ပြီးအနီရောင်မီးပုံးတွေကြောင့်ခန့်မှန်းပြောလိုက်ခြင်း..။

"အင်း..ဟုတ်တယ် ဒါပေမဲ့သတို့သမီးကကိုရီးယားလူမျိုးလေ....ကြည့်ရတာသတို့သားကသတို့သမီးကိုအတော်အလိုလိုက်တယ်နဲ့တူတယ်..."

"ဟင်..ဘာလို့..."

အရှေ့မှဟိုတယ်ဝန်ထမ်းလာချပေးထားတဲ့ လိမေ္မာ်ဖျော်ရည်ကိုပိုက်ဖြင့်မွေရင်း ရေကူးကန်ဖက်ကိုကြည့်နေရာမှလှည့်မေးမိသည်။ ရေကူးကန်လေးကဟန်နီတော်တော်သဘောကျလောက်တယ်။ ဟန်နီနဲ့နှစ်ယောက်ထဲရေအတူကူးရရင်တော့..အဟိ..။

ပြုံးဖြီးနေတဲ့မျက်နှာနဲ့ဖျော်ရည်ပိုက်ကိုကိုက်ရင်းမေးခွန်းပြန်ထုတ်နေတဲ့ chanyeol ကြောင့် yixing လန့်သွားမိသည်။ငါးခူပြုံးနဲ့...။

"တရုတ်ဖက်ကသတို့သားရဲ့မိသားစုကတရုတ်ရိုးရာနဲ့ဆောင်ရမယ်ဆိုတော့တရုတ်ပြန်ရောက်မှလုပ်လဲရတာကိုသတို့မီးကကိုရီးယားမှာပဲမင်္ဂလာပွဲလုပ်မှာတဲ့..."

"အဲ့တော့..."

"နောက်ပြီးမနက်ဖြန်ကျရင်လဲနောက်တစ်ပွဲထပ်လုပ်မယ်တဲ့...မနက်ဖြန်ကျရင်တော့သတို့သမီးဆောင်ချင်တဲ့စတိုင်နဲ့ဆောင်မှာလေ..."

"အော်...လုပ်ပါစေ hyung ရယ်...hyung တို့ဘာနစ်နာလဲ...နောက်ပြီးတစ်သက်မှာတစ်ခါဆောင်မဲ့မင်္ဂလာပွဲကို special one ဖြစ်စေချင်လို့နေမှာပေါ့..."

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now