part - 18(uni)

154 29 6
                                    

"ဒါလင် သင်တန်းပြီးရင်လာကြိုမယ်မလား..."

သင်တန်းရှေ့ရောက်တော့ ကားရပ်လိုက်တဲ့ chanyeol ကို kyungsoo ကားထိုင်ခုံခါးပတ် ဖြုတ်နေရာမှလှမ်းမေးလိုက်သည်။ သက်ပျင်းချသံသဲ့သဲ့ကို သူကြားလိုက်ရသည်။ ပေါင်ပေါ်တင်ထားတဲ့ လွယ်အိတ်လေးကို အကြောင်းမဲ့ပွတ်သပ်ရင်း လှည့်ကြည့်တော့ ကားစတီယာရင်ပေါ်က chanyeol ရဲ့ လက်ချောင်းများကနှုန့်နေပြီး သူ့ကို တစ်ချက်လှည့်ကြည့်လာသည်။

"အင်း...တကယ်လို့ ကျွန်တော့်ကို လာမကြိုစေချင်ရင်လဲ ကြိုပြော။ "

ဘာကြောင့်မှန်းမသိ ထိုစကားကိုကြားတော့ သူခေါင်းငုံ့ရင်းအောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။ ဟိုတစ်နေ့က sehun နဲ့ ကိစ္စဖြစ်ပြီးတော့ သူ့အပေါ်အနည်းငယ် တည်ငြိမ်လာသော chanyeol ရဲ့ အပြုအမှုတို့ကို သူသေဘာမက်မိ။ ငါးရက်။ ငါးရက်ရှိပြီ။ သိပ်မပြုံးတော့တဲ့ chanyeol က သူ့အားလဲ နှစ်ကိုယ်တူကိစ္စတို့ကို မတောင်းဆိုတော့ပါ။ သူ့ဘက်က အရိပ်အယောင်ပြရင်တောင် အရင်က chanyeol နဲ့ မတူပဲ ငြင်းဆန်နေသည်ဟု kyungsoo ထင်မိသည်။

"သင်တန်းနောက်ကျနေဦးမယ်...သွားလေ။ "

"ဒါလင်..."

နှင်လွှတ်နေတယ်လို့တောင် ထင်ရသည့် ဒါလင့်ရဲ့လည်ပင်းက ကော်လံစကိုဆွဲကာ နှုတ်ခမ်းနှစ်ခုထိကပ်စေလိုက်သည်။ ဘာတုန့်ပြန်မှုမှမရှိ။ ဒါလင်မပီသလိုက်တာ။

မျက်ရည်တစ်စက်က အလိုလိုပါးပြင်ပေါ် နေရာယူလေသည်။ နှုတ်ခမ်းနှစ်ခုထိကပ်မှုကို ခွာလိုက်ရင်း မျက်ရည်တို့ကို ဒါလင်မမြင်စေရန် မျက်နှာလွှဲပြီး ကားတံခါးဖွင့်ကာ ဆင်းလိုက်သည်။ မျက်ရည်တို့ကိုဖိသုတ်လိုက်ပြီး ခါးအနည်းငယ်ကိုင်း၍ မှန်မတင်ထားသည့် ကားပြတင်းအပြင်မှ ဒါလင့်ကိုပြုံးပြရင်း လက်ပြနှုတ်ဆက်ကာ လမ်းတစ်ဖက်မှာရှိနေသည့် တိုက်ဆီသို့ အနည်းငယ်ရှိနေတဲ့ ကားများကိုရှောင်ကာ အပြေးလေးသွားလိုက်သည်။

"kyungsoo hyung... "

သင်တန်းရှိရာသို့မဝင်သေးပဲ ဖုန်းပွတ်ရင်းရပ်စောင့်နေတဲ့ sehun နဲ့ ဘေးက တောက်တဲ့ကိုယ်တော် baekhyun တို့ကို သူတစ်ချက်ပြုံးပြလိုက်သည်။ sehun ကလဲ သူ့ကိုဖုန်းပွတ်နေရာမှ မော့ကြည့်လာပြီး ပြန်ပြုံးပြသည်။

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now