part-1(zawgyi)

360 20 3
                                    


(note;ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်)

"ဒါလင်ရယ် မသွားပါနဲ့ အဟင့်....ဟန်နီ..ဟန်နီလေ.. ဟန်နီတောင်းပန်ပါတယ်...နော်..ဟန်နီ့ဘေးကနေမထွက်သွားပါနဲ့နော်"

လူတွေအများကြီး ဝိုင်းကြည့်နေကြလဲ kyungsoo ဂရုမစိုက်အား။ အခု သူဒူးပဲ ထောက်ရထောက်ရ။ ခြေထောက်ဖက်ပြီးပဲ တောင်းပန်ရ တောင်းပန်ရ။ ဒါလင့်ကို သူ့ဘေးက မထွက်သွားရင်ရပြီ။ ငိုယိုကာတောင်းပန်နေလဲ chanyeol ကတော့ ​အေးစက်စက်မျက်နှာထားနဲ့ သူ့လက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားသည့် kyungsoo ရဲ့ လက်တွေကို လက်တစ်ဖက်တည်းနဲ့ ဖြုတ်ချလိုက်ပြီး kyungsoo ကိုကျောပေးကာ ရပ်လိုက်သည်။

" ကျွန်တော်တို့ ဒီမှာတင်ပြီးပြီ ပတ်သက်စရာအကြောင်းမရှိတော့ဘူး "

" ဘာလို့လဲ။ ဒါလင့်အပေါ် ဟန်နီဘာတွေများ အမှားလုပ်ခဲ့မိလို့လဲ. . . ဟန်နီ့ရဲ့ နှလုံးသားတစ်ခုလုံးကို ရင်းပြီး ဒါလင့်ကိုချစ်ခဲ့တာ မရဘူး. . . ဒါလင် ဒီတိုင်း ဟန်နီ့ဘေးက ထွက်သွားချင်တိုင်းထွက်သွားလို့မရဘူး။ ဟန်နီခွင့်မပြုနိုင်ဘူး။ ဒါလင်ပြောတော့ ဟန်နီ့ကို တန်ဖိုးထားပါတယ်ဆို။ မြတ်နိုးပါတယ်ဆို။  အကုန်လုံး . . . အကုန်လုံးက အလိမ်အညာတွေလား. . . ဟမ်. .ဒါလင်. .ဟမ်လို့. ."

kyungsoo တစ်ယောက် မျက်ရည်လည်ရွှဲနဲ့ အရူးမီးဝိုင်းပြောနေမိသည်။ မသိဘူး။ သူအခုအရမ်းပူလောင်နေတယ်။ ဒါလင် သူ့ကို ထားခဲ့တော့မှာကို။ နာကျင်တယ်။ နှလုံးသား အတွင်းပိုင်းထဲကကို အောင့်တယ်။

" လောကကြီးမှာ အရာရာက အမြဲတမ်းတန်ဖိုးမရှိနိုင်ဘူး Do kyungsoo-shi ခင်ဗျားက ကျွန်တော့်အတွက် တစ်ချိန်ချိန်မှာ တန်ဖိုးရှိရင် ရှိခဲ့လိမ့်မယ်။ တစ်ချိန်ချိန်မှာလဲ တန်ဖိုးမဲ့ရင်မဲ့သွားနိုင်တယ်။ နောက်ပြီး ခင်ဗျားကို ကျွန်တော် ရိုးနေပြီ"

နောက်ဆုံး ပြောလိုက်တဲ့ စကားတစ်ခွန်း။ kyungsoo ရဲ့ ရင်ထဲက နှလုံးသားကို အစိမ်းလိုက်ဆွဲနှုတ်လိုက်သလို။ ရိုးနေပြီ။ ရိုးနေပြီတဲ့လား။ ဆွံအနေမိတဲ့ အခိုက်အတန့်မှာ အရာအားလုံးကို မေ့ပျောက်မိချင်သည်။ နှလုံးသားတစ်နေရာက နာကျင်မိလေတော့ မသိမသာရင်ဘတ်ကို လက်လေးနဲ့ ဖိလိုက်မိသည်။ မျက်ရည်တွေရယ် ခမ်းခြောက်သွားပါတော့။ မငိုချင်တော့ဘူး။ ဟင့်အင်း။ darling  လိမ်တာ။ ဒါတွေအကုန်အလိမ်အညာတွေ။ လိမ်လည်ခြင်းအမှု့ကို မပြုလဲ ရတယ် ဒါလင်။ နားနှစ်ဖက်ကို လက်ဖြင့်ပိတ်ကာ kyungsoo ထို ​နေရာမှာတင် ထိုင်ချလိုက်သည်။ မျက်ရည်တွေကတော့ မရပ်တန့်နိုင်ပဲ စီးဆင်းနေတုန်း။

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now