part- 9(uni)

160 31 0
                                    

(note; ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်)

ဆေးရုံဝတ်စုံအဖြူဝတ်ထားတဲ့ကောင်လေးက ကုတင်ပေါ်မှာလှဲနေတဲ့နောက်ထပ်ဆေးရုံဝတ်စုံဖြင့်ကောင်လေးရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ပြီးကုတင်ဘေးတွင်ထိုင်ကာ စာအုပ်တစ်အုပ်ကိုသူ၏ခပ်ဩဩအသံတို့ဖြင့်လိုက်ဖက်စွာဖတ်ပြပေးနေ၏
ထို့နောက်အခန်းထဲသို့ပျံ့လွှင့်လာတဲ့ Beenthoven ရဲ့ တေးသွားလေးကပြတင်းမှတစ်ဆင့်တိုးဝင်လာတဲ့လေပြေများနဲ့အတူငြိမ့်ငြိမ့်ငြောင်းငြောင်း...

"သား chanyeol... "
ခေါ်သံကြောင့်ဖွင့်ထားတဲ့သီချင်းအားပိတ်လိုက်ပြီး

"အန္တီ.... ရောက်ပြီလား "

"အင်း...ငါ့သားကမနက်ဖြန်ဆိုဆေးရုံကဆင်းရတော့မှာမလား "
သူသတိရလာပြီးဆရာဝန်ကအရှင်းပျောက်စေချင်လို့ဆေးရုံတစ်ပတ်လောက်ဆက်တက်ခိုင်းသည် ဒီတစ်ပတ်အတွင်းဟန်နီ့ဘေးမှာပဲရှိနေပြီးဟန်နီ့အားသတိမြန်မြန်ပြန်ရလာဖို့ပူဆာမိတယ်...အင်း..ဟန်နီကြားလောက်မှာပါ...

"ဟုတ်ကဲ့.. ဒါပေမဲ့ကျနော်ဟန်နီ့ဘေးမှာပဲပြုစုပေးမှာပါ ဟန်နီသတိပြန်ရလာရင်ကျနော်ဘေးမှာရှိနေမှရမှာလေ..."
ပြောပြီးခပ်ဖွဖွပြုံးလိုက်တဲ့ chanyeol ကသူတို့သားအပေါ်ဘယ်လောက်မေတ္တာရှိလဲဆိုတာသိသာသည် ကျလာတဲ့မျက်ရည်ကသူ့သားအတွက်လား chanyeol အတွက်လားမသဲကွဲပေမဲ့ အရေးအကြောင်းအနည်းငယ်ထွက်နေပြီဖြစ်သောပါးပေါ်သို့လိမ့်ဆင်းသွားသည်

"အန်တီရယ်... မငိုပါနဲ့ ဟန်နီတွေ့သွားရင်မကောင်းဘူးလေ
ကျနော်တောင်ပြုံးနေတယ်မလား..ကျနော်တောင်..."
မျက်ရည်တွေနဲ့ကြည့်နေတဲ့ kyungsoo omma

"ကျနော်...အပြင်ခဏသွား..လိုက်ပါဦးမယ်..."

"ဟင်...chanyeol .."

"ဟာ.. ဟျောင့်.."
အခန်းတံခါးတွန်းဖွင့်ရင်းပြေးထွက်သွားသည့် chanyeol ဟာအခန်းဝမှ xiumin နှင့်suho တို့ကိုတောင်မမြင်နိုင်တော့...မျက်ရည်တွေကြောင့်များလား...

ပြေးသွားနေမိတယ် ဟန်နီမမြင်နိုင်မဲ့နေရာဆီ...ပြေးနေရင်းလွှင့်စင်ကျသွားတဲ့မျက်ရည်တွေ..ဟန်နီမမြင်ဘူးမလား
ကျနော်ငိုတာဟန်နီမကြိုက်ဘူးလေ...ကျနော်...
မငိုဖို့ကြိုးစားနေမိတယ်...

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now