part-14(zawgyi )🌚🔥

98 13 26
                                    


"ဒါလင်..ဘာဖြစ်တာလဲ...လွှတ်ပါဆို...အ့"

ညရောက်တော့အိမ်မှာ suho hyung နဲ့ yixing hyung တို့ပါအတူတူဝိုင်းချက်ဝိုင်းလုပ်နဲ့ပျော်ပျော်ပါးပါးပါရှိကြသည်။ 07:00pm လောက်ကျတော့ကျနော်ခေါ်ထားလို့ xiumin hyung နဲ့ woobin hyung တို့ပါရောက်လာပြီးစည်စည်ကားကားနဲ့ညစာထမင်းဝိုင်းလေးကအရင်နေ့များကထက်အသက်ဝင်နေခဲ့သည်။ပျော်ပျော်ပါးပါးနဲ့အရင်ကအကြောင်းများကိုပြန်ပြောကြရင်းကျောင်းတုန်းကဆော့ဖူးသည့်ဂိမ်းလေးကိုပြန်ဆော့ရာမှပြသနာစခဲ့သည်။အားလုံးလဲသိကြမှာပါ။ truth or dare ။ဟင်း...။

"တကယ်ပဲလား..ဟမ်..ဟန်နီကျနော်မေးနေတယ်လေ.."

"အမှန်ပြောဆိုလို့ပြောတာလေ..ဘာဖြစ်နေတာလဲ ဒါလင်ရာ.."

"ဟန်နီ့ရဲ့ပထမဆုံးအနမ်းကကျနော်မဟုတ်ခဲ့ဘူးပေါ့.."

ညမီးရောင်အောက်မှာမနာလိုမှု၊ကြေကွဲမှုအနည်းငယ်ရောစွက်နေသည့်ဒါလင့်မျက်ဝန်းများကအနည်းငယ်တော့လဲခက်ထန်နေပြန်သည်။

"ကျစ်..ဒါလင်ရာ..ဒီလောက်လေးကိုဘာလို့ပုံကြီးချဲ့နေတာလဲ"

ထိုအခါဟက်ခနဲနေအောက်တစ်ချက်ရယ်သည်။တောက်ပမနေခဲ့ပါ..မြင်နေကြအပြုံးတွေထက်။ ပြီးနောက်ကျနော့ကိုစူးစိုက်ကြည့်ရင်း

"ဒီမှာ do kyungsoo ကျနော်ကခင်များရဲ့ချစ်သူဆိုတာမမေ့နဲ့ဦး!!!.. "

ခင်များဆိုတဲ့နာမ်စား၊ နာမည်တစ်ခုလုံးကိုကိုင်ခေါ်လိုက်တဲ့ဒါလင်ကြောင့်ကျနော့နှလုံးသားအနည်းငယ်တင်းကျပ်သွားမိသည်။ အမှန်တိုင်းပြောရရင်ကြားနေကြဟန်နီဆိုတဲ့ခေါ်သံလောက်နားဝင်မချိုတာတော့သေချာသည်။အော်သံကြောင့်လန့်သွားမိသလိုအိမ်ထဲမှ hyung တို့ကြားသွားမှာကိုလဲစိုးရိမ်သည်။သမီးရည်းစားနှစ်ယောက်ရဲ့စကားများမှုတစ်ခုပဲဆိုပေမဲ့ဒီလောက်ထိသဝန်တိုနေဖို့တော့မလိုဘူးမလား။ကျနော့ကိုသာပြောနေဒါလင်ကရော..ဒါလင့်အတွက်လဲပထမအနမ်းဆိုတာကျနော်နှုတ်ခမ်းနဲ့ပုံဖော်ခဲ့ဖို့တစ်ရာ ရာခိုင်နှုန်းမှာငါးဆယ်တောင်မရှိ။

နှုတ်ဆိတ်နေတဲ့ကျနော့ကိုမျက်မှောင်ကြုတ်ကာကြည့်ရင်း။

"ခင်များကိုကျနော့ရဲ့ပိုင်ဆိုင်မှုလို့သတ်မှတ်ထားပြီးကတည်းက ခင်များကိုကျနော်ပိုင်သလို..ဖြစ်တည်မှုအားလုံးနဲ့ဖြစ်ခဲ့သမျှအားလုံးကကျနော်နဲ့ဆိုင်တယ်..."

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Hikayelerin yaşadığı yer. Şimdi keşfedin