part- 17(uni)

162 30 18
                                    

"အားလုံးပဲ...ပေါင်မုန့်လုပ်တဲ့နေရာမှာ အရေးကြီးတာက ဂျုံနယ်တာပါ...ဂျုံသားသေချာနှပ်မှ ပေါင်မုန့်ကောင်းကောင်းတစ်လုံးရမှာပါ..."(ရွီှးရှောဝေါ...😂မီသေချာမသိပါ)

"တစ်လုံးပဲလားဆရာ...ဒါဆိုဘယ်ဝမလဲ...."

သင်တန်းရဲ့ ထိပ်ဆုံးကသီးသန့်ခုံမှာ လော်စပီကာတပ်ထားသလိုအသံမျိုးဖြင့် တစ်တန်းလုံးကြားအောင် အော်နေတဲ့ ဆရာရဲ့စကားနောက် သူ့ဘေးက ကောင်လေးတစ်ယောက်စီမှ အသံထွက်လာသည်။ သင်တန်းထဲရှိလူများကတော့ ရယ်ချင်စိတ်ကိုထိန်းထားပုံရသည်။

"မင်းကြည့်တော့ လူကသေးသေးလေးနဲ့ တစ်လုံးနဲ့မဝဘူးလား..."

"ဆရာလဲ မကြီးပါဘူး..."

ကတ်ကတ်ပြန်လှန်ပါတဲ့ ထိုကောင်လေးကို သူလုပ်ပြုံးပြုံးလိုက်ရင်း

"ဂျုံပဲနယ်ပါ..ကိုယ်တော်...အားလုံးပဲ ဆက်ကြရအောင်..."

"အဲ့ဆရာ chen က အဲ့လိုပဲ...ဒါနဲ့ တွေ့ရတာဝမ်းသာပါတယ်... ကျွန်တော့်နာမည်က Byun baekhyun ပါ..."

မျက်စိမှေးမှေးလေးများ မှိတ်သည်အထိ ပြုံးရယ်ကာပြောရင်း သူ့ကိုလက်ကမ်းပေးလာသည်။

"အာ..nae ကျွန်တော်က Do kyungsoo ပါ..."

လက်ဆွဲနှုတ်ဆက်ချင်ပေမဲ့ နှစ်ယောက်လုံး ဂျုံနယ်ထားတာမို့ အဆင်မပြေ။

"မေ့သွားတယ်...လက်တွေမအားတာကို..."

လက်ပြန်ရုတ်ရင်း အရှေ့ကစားပွဲပေါ်က ဂျုံကိုပြန်နယ်ကာ သူ့ကိုတစ်ချက်ပြုံးပြလာသည်။ တက်တက်ကြွကြွနဲ့ ထို baekhyun ဆိုသူက သူ့ထက်ငယ်ပုံရသည်။ သူလဲ ဂျုံကိုသာအာရုံစိုက်နယ်ရင်း အရှေ့မှတကြော်ကြော်အော်ကာ သင်တန်းဆင်းပေးနေသော ဆရာ့ရဲ့အသံကို နားစိုက်ထောင်နေလိုက်သည်။

"ဒါနဲ့ kyungsoo က ဒီနေ့မှသင်တန်း စတက္တာမလား..."

"အာ....nae baekhyun ကေရာ.."

"နှစ်လရှိပြီ..."

နှစ်လရှိပြီဟုပြောနေပေမဲ့ အခုနယ်ပြီးသားဂျုံတွေက လက်တစ်ခုလုံးပေပွကာ ခွာမရလို့လက်ကိုခါထုတ်နေသည်။ ဆရာကအသင်အပြတော်တော် ကောင်းတယ်နဲ့တူတယ်...နှစ်လအတွင်းအခုလို ဗရုတ်သုတ်ခဖြစ်အောင် လုပ်နိုင်တယ်ဆိုတော့...

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Nơi câu chuyện tồn tại. Hãy khám phá bây giờ