part- 6(uni)🌚🔥

302 33 2
                                    

(note; ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်)

ခါးပေါ်မှလွှတ်ထွက်သွားမှာစိုးသည့်အလားတင်းကြပ်စွာဖက်ထားသည့်ဒါလင့်ရဲ့လက်တွေကိုသူ့လက်နှစ်ဖက်ဖြင့်ထပ်ကိုင်လိုက်သည် ပုခုံးပေါ်မှာမေးလေးတင်ရင်းချွဲနေသည့်ဒါလင့်ကို

"ဒါလင်.."

"ဟင်"

"တောင်းပန်ပါတယ်.... "
အစမရှိအဆုံးမရှိတောင်းပန်စကားဆိုနေသည့်ဟန်နီ့ကြောင့်ကျနော်ရီလိုက်ပြီးပုခုံးပေါ်မှီထားရာမှပြောင်းကာဟန်နီ့ကိုယ်လေးအားဆွဲလှည့်လိုက်သည်

"ဘာကိုလဲ.."

"ဟန်နီမစောင့်ခဲ့မိလို့...ဒါလင့်ကို"
ခေါင်းလေးငုံ့သွားရင်းတိုးညှင်းစွာထွက်လာသည့်အသံတို့က
လေးလံနေပြီးအဲ့အကြောင်းကိုမတွေးမိအောင်နေနေသည့်ကျနော့နှလုံးသားကိုပါလေးလံစေသည် ဟင့်အင်း..မလိုဘူး ဘေးကမလိုတာတွေပါတွေးရင်းပူနေမဲ့လူစားထဲမှာကျနော်မပါဘူး ကျနော်ရဲ့အရာအားလုံးကဟန်နီမို့လို့ဟန်နီဆိုတဲ့လူသားလေးကိုပဲကျနော်လိုအပ်တယ်...မေးစိကနေမျက်နှာလေးကိုဆွဲမော့လိုက်ပြီးအားတုံ့အားနာဖြစ်နေတဲ့မျက်ဝန်းလေးကိုသေချာကြည့်လိုက်ပြီး

"ဟန္နီ ကျနော့ကိုပဲကြည့်ပေးလို့မရဘူးလား... ကျနော်တစ်ယောက်ထဲကိုပဲ.. ဟန္နီ ဘာမှတောင်းပန်စရာမလိုဘူး ကျနော်ကိုယ်တိုင်ကလိုလားလို့ရှေ့တိုးလာတဲ့ဒီဆက်ဆံရေးကို...ဟန်နီကမလှမ်းလာရဲရင်တောင်ဒီအတိုင်းကျနော်တစ်ယောက်ထဲကိုပဲကြည့်ပြီးရပ်နေပေး ကျနော်ကပဲရှေ့တိုးလာခဲ့မယ် "

"ဒါလင်... အင်း ဟောဒီကဒါလင့်ကိုပဲကြည့်ပြီးရပ်နေပေးမှာမို့ဒါလင်ကပဲဟန်နီ့ဆီလာခဲ့ပေး ...ချစ်တယ် ဒါလင်"
နွေးထွေးတဲ့ရင်ခွင်ကျယ်ထဲတိုးဝင်လိုက်ရင်းတင်းကျပ်စွာဖက်ထားမိသည် ဒါလင်ပြောသလိုပဲမလှမ်းလာရဲရင်တောင်ဖက်တွယ်ရင်းဒါလင့်အနားမှာရှိချင်သည်... အရင်လိုပဲအနိုင်ယူပါဒါလင် အရံှုးပေးရင်းချစ်နေပေးမှာမို့...ဒီအတိုင်းအနားမှာပဲရှိနေပေးရင်ရပြီမို့ အကုန်လုံးကိုမေ့ပစ်ပြီးတော့ဒါလင့်အနားမှာရှိနေချင်တာမို့.....

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now