အပိုင်း(၅.၂)

Începe de la început
                                    

လင်းကျစ်ရန် အနည်းငယ် လူးလှိမ့်ပြီးမှ မျက်လုံးဖွင့်ကြည့်လိုက်လေသည်။

ဒီအိမ်က...ဘာလို့အရမ်း စိမ်းသက်နေပါလိမ့်...

မနေ့ညက သူ ကျောက်မင်ဇယ်နဲ့ အတူသောက်ပြီး အိမ်ပြန်လိုက်ပို့ပေးဖို့ ပြောခဲ့တာဘဲ...

နေပါအုံး...ဒါသူ့အိမ်လည်းမဟုတ်ဘူး!

လင်းကျစ်ရန် နောက်ဆုံးတွင်တော့ လုံးဝနိုးကြားသွားပြီး ချက်ချင်းထထိုင်လိုက်ပါသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ကိုက်ခဲလို့ နေလေရာ စုတ်သပ်လိုက်ပြီး စောင်ကိုဖယ်ကာ ကြည့်လိုက်သည်။ မနေ့ညက တကယ်တော့ ဘာမှ ခုန်ပေါက်ကစားနေတဲ့ အိပ်မက်မဟုတ်ဘူးဟေ့...တကယ်တော့ ဒါကြီးက တကယ်ကြီးဟ!

[လင်းကျစ်ရန်: ငါညစ်ပတ်သွားပြီ ]

[system:? ]

[လင်းကျစ်ရန်: ငါမသန့်ရှင်းတော့ဘူး...]

[System မှာလည်း အပြစ်ရှိသလိုခံစားလိုက်ရပြီး: ကျွန်တော်မနေ့က လူ​ကြီးမင်း ကို အကြိမ်ပေါင်းများစွာအော်ခေါ်တာဘဲ၊ ဒါပေမယ့် လူ​ကြီးမင်းကအရမ်းမူးနေပြီး...ကျွန်တော့်ကို အဖက်တောင်မလုပ်ဘူး ]

[ လင်းကျစ်ရန်: ငါဘယ်လိုလုပ်ရမလဲ ။ အဓိကဇာတ်လိုက်shouကို ကြိုက်နေတဲ့ ဇာတ်ပို့gongအနေနဲ့၊ ဘယ်လိုပဲ ဇာတ်လိုက်ရဲ့ အလွဲသုံးစားလုပ်တာ ခံနေရပါစေဦး...သူ့ကိုငါ့ရဲ့ ရုပ်နဲ့နာမ်လိုသဘောထားပြီး ခန္ဓာကိုယ်ကို ကျောက်စိမ်းရုပ်တုလို ကာကွယ်စောင့်ရှောက်ပေးရမှာကွ၊ အခုတော့ ငါကိုယ်တိုင်က တစ်ခြားလူတစ်ယောက်အောက်မှာ အဖိခံလိုက်ရပြီ၊ စာဖတ်ပရိတ်သတ်ရဲ့ အဆဲ​ခံရတော့မှာပဲ! ]

[System:...အိုး]

စကားဆုံးသော် လင်းကျစ်ရန်မှာ မျက်နှာကိုလက်ဖြင့်အုပ်ကိုင်လိုက်ချေပြီး အချိန်အတော်ကြာမှ လက်ချောင်းများကြားမှ ဂနှာမငြိမ်သော မျက်ဝန်းတစ်စုံလှစ်ဟာလာကာ မကောင်းတာတစ်ခုခု လုပ်မိထားသည့် လူတစ်ယောက်ကဲ့သို့။

[ လင်းကျစ်ရန်၏ မျက်နှာက နီရဲလို့နေပါပြီး: အဟွတ်...ပြောရရင်တော့ ဒီgameက ဒီလိုမျိုးအတွေအကြုံတွေကိုပါ ထည့်ထားတာလား...ဒါက ၁၈နှစ်အောက်တွေ ကို တားမြစ်ထားတယ်လေ... ]

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Unde poveștirile trăiesc. Descoperă acum