‘ဟင် ချန်းယောလ်လီက..’

‘ဟုတ်ကဲ့။မင်္ဂလာပွဲမဖြစ်မြောက်ခဲ့တာ နှစ်လရှိနေပြီပဲ။ကျွန်တော်က အချစ်သစ်တစ်ခုရှာလို့ရပြီမလား။”

တစ်ချက်တစ်ချက်စောင်းငဲ့ကြည့်ရင်း ပြောနေသည့် ချန်းယောလ်ပါးပြင်က ပါးချိုင့်ငယ်က အသက်မပါမှန်း မိဘနှစ်ပါးစလုံး သိသည်။သက်ပြင်းတိုးတိုးလေးခိုးချရင်း နှစ်ယောက်သားအကြည့်ချင်းဆုံမိတော့ ဥက္ကဌပတ်က ခေါင်းညိတ်ပြ၏။

“သိပါပြီ။မေမေ မနက်ကျ ဆက်သွယ်ထားလိုက်မယ်။ချန်းယောလ်လီ ဘယ်လိုမိန်းကလေးလိုချင်လဲ’

အခြေအနေကိုပေါ့ပါးစေလိုသော်ငှာ သူဌေးကတော်ပတ်က စစနောက်နောက်မေးသည်။

“အွန်း… အရပ်ပုပုလေး.. မျက်လုံးမှေးမှေးလေး.. နှုတ်ခမ်းပါးပါးလေး.. ပြီးတော့ လက်ချောင်းသွယ်သွယ်လေးတွေ.. အဲ့ဒါတွေ မရှိတဲ့မိန်းကလေးကိုရှာပေးပါ။ဘယ်လိုလဲ ဖြစ်တယ်မလား”

‘ဪ..အင်း…ချန်း.. ချန်းယောလ်လီ.. ရှေ့မှာ..’

ချန်းယောလ်မြင်ပါသည်။သို့သော် ရုတ်တရက်ကြီးပေါ်လာခဲ့သည့်တစ်စုံတစ်ရာကြောင့် ဘရိတ်ကိုဆောင့်အုပ်လိုက်ရသည်။

“ဘာလဲ.. သေသွားပြီလား”

‘မဟုတ်လောက်ပါဘူး။မကြောက်နဲ့ မိန်းမ.’

ချန်းယောလ်က ကားတံခါးဖွင့်ကာအရင်ဆင်းသည်။ပိန်းပိတ်နေသည့်မြူတွေကြားထဲ ထွန်းထားသည့် ကားမီးရောင်ရှေ့တွင် ပုံခနဲလဲကျနေသည့် အနီရောင်ဝတ်ရုံဖြင့် လူတစ်ယောက်။ဝတ်စားထားပုံကြောင့် မှောက်နေသည့်မျက်နှာကိုမမြင်ရသေးခင်မှာပင် ချန်းယောလ် နှလုံးသွေးတို့ရပ်မတတ်ဖြစ်သွားရသည်။ကားနားမှာပင်ရပ်နေမိကာ ခြေလှမ်းတွေက မလှုပ်တော့။

“လူလား.. ဘာရပ်လုပ်နေတာလဲ ချန်းယောလ်လီ.. ထူရမှာပေါ့”

ကြောင်ရပ်နေသည့် သူ့ကို ဥက္ကဌပတ်က မာန်မဲရင်း မေ့လဲနေသည့် လူနားသို့ငုတ်တုတ်ထိုင်ချသည်။

“ဒီမှာ… သတိထားပါဦး.. ဒီမှာ..’

ဥက္ကဌပတ်လည်း စကားမဆက်နိုင်တော့။မှောက်နေသည့် မျက်နှာလေးကိုမြင်အောင်ကြည့်လိုက်တော့ ပါးပြင်ပေါ်တွင်လည်း ခြစ်ရာ သွေးစတို့ဖြင့် မျက်လုံးစုံမှိတ်နေပါသည့် မျက်နှာလေး။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now