အပိုင်း(၂)

Start from the beginning
                                    

သူ နိုင်ငံရပ်ခြားမှာဘယ်လိုအခက်အခဲတွေနှင့်ကြုံတွေ့ခဲ့ရသလဲ၊ နစ်နာထိခိုက်မှုတွေရှိခဲ့သလား လင်းကျစ်ရန်မသိ၊ သို့​​သော်သူ၏ ခေါင်းမာသောစရိုက်အရဆို အခက်အခဲတစ်ခုခုကြုံခဲ့လျှင်တောင် သူ့ကိုဘယ်တော့မှပြောမည်မဟုတ်။

'မင်းနေကောင်းရဲ့လား? ငါ့ကိုခွင့်လွှတ်နိုင်သွားလို့ပြန်လာခဲ့တာလား???'

ဤစကားများအားလုံးကို ပြော၍မဖြစ်​သောကြောင့် လင်းကျစ်ရန် တောင့်တင်းစွာရပ်နေမိသည်ပင်၊ လုဆွေ့ကရုတ်တရတ် လက်နှစ်ဖက်ကိုဆန့်ကာ သူ့အား​ပွေ့ဖက်​ပြီး နားရွက်ဘေးမှတိတ်တဆိတ်ရယ်လျက်ပြောသည်။

" အင်း၊ပြန်လာပြီ "

လင်းကျစ်ရန် ခဏမျှကြောင်တက်သွားပြီး လု​ဆွေ့​အားတင်းကျပ်စွာပြန်ပြီးပွေ့ဖက်လိုက်သည်။စိတ်လှုပ်ရှားမှုကြောင့်သူ့အသံကမတည်မငြိမ်

"မင်းပြန်လာတာကောင်းတယ် "

ထို့နောက်သက်တောင့်သက်သာရှိသလို သက်ပြင်းချပြီး မေးလိုက်သည်။

"အိမ်မှာပြန်နေမှာမို့လား "

လု​ဆွေ့ ခဏမျှတိတ်ဆိတ်သွားပြီးနောက်ခေါင်းငြိမ့်ပြသည်။

လင်းကျစ်ရန် သင်္ချိုင်းဂူကိုတစ်ချက်ကြည့်လိုက်​သော်သူ့မျက်လုံးများမှေးမှိန်သွားသည်။သို့သော်လုဆွေ့ နောက်ဆုံးတော့အိမ်ပြန်လာရန်ဆန္ဒရှိခဲ့သည့်​အတွက် သူအရမ်းပျော်ရွှင်ရသည်။ ဤနှစ်များအတွင်း လုဆွေ့၏အကွာအဝေးမှာ သူ့နှလုံးသားထဲမှဖယ်မထုတ်နိုင်သည့်​အရာတစ်ခုပင်။ အခုဆိုလျှင် လုဆွေ့တွင်လည်းမိသားစု၀င်တစ်ယောက်သာကျန်တော့​တာ​ဖြစ်​သော​​ကြောင့်၊ သူတို့နှစ်ယောက်ကတစ်ယောက်အဖို့တစ်ယောက် အရမ်းအဖိုးတန်သည်။ သို့​သော် လုဆွေ့အတွေးကရော်....

လင်းကျစ်ရန် ခဏမျှရပ်နေပြီးနောက်ဆုံးမှာတော့အမေးရှိလိုက်သည်

"မင်းစားပြီးပြီလား"

လုဆွေ့က ခေါင်းခါပြသည်။

လင်းကျစ်ရန်ကပြုံးပြီး

"ဒါဆိုအိမ်ပြန်ပြီးစားကြစို့"

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now