Chapter-3 သားမွေးမင်္ဂလာဝတ်စုံဝတ်ထားသောသတို့သမီးနှင့်ဝံပုလွေလေး

Start from the beginning
                                    

မကြာမီပင် တစ်နာရီ ပြည့်လုနီးနီးဖြစ်သွားသည်။ ယွမ်ချိုးချိုး သူမ၏သားရေအိတ်အားသယ်ရင်း အပြင်ထွက်လာသောအခါ ခြသေ့်အကြီးအကဲသည် မီးလျှံဝံပုလွေမျိုးနွယ်စုမှ သားရဲများစွာနှင့် အပြင်မှာ စောင့်နေပြီဖြစ်သည်။

ယွမ်ချိုးချိုး ဂူအပြင်ဘက်မှ ဝံပုလွေသားရဲများကို ကြည့်လိုက်သည်။

ခြုံငုံကြည့်လျှင် သူတို့သည် လေခြသေ့်မျိုးနွယ်စုမှ ခြသေ့်များလောက် အရပ်မရှည်ကြပေ။ သူတို့သည် လူသားမျိုးနွယ်များကဲ့သို့ ရန်လိုတတ်သည့်ပုံလည်းမရှိပေ။ သူတို့၏ မျက်နှာပေါ်မှ စိမ်းပြာရောင်ဝံပုလွေပုံမှာမူ အန္တရာယ်ရှိသည့် ခံစားချက်အား ပေးစွမ်းနိုင်စေသည်။

"ယွမ်ချိုးချိုး မင်းက ဒီဝံပုလွေတွေနောက်က လိုက်သွားရုံပဲ" ခြသေ့်အကြီးအကဲသည် ဆားတုံးပေါင်ချိန် ၃၀၀အား ရပြီးဖြစ်၍ သူ့အမူအယာမှာ အရင်ကထက် များစွာ နူးညံ့ပုံပေါ်လာလေသည်။

သူဖျော့တော့နေသည့် ယွမ်ချိုးချိုးအား ကြည့်လိုက်ပြီး မြေပြင်ပေါ်တွင်ချထား‌သော အိတ်အား လက်ညှိုးထိုးပြလိုက်သည်။ သူတည်ကြည်သောအသံဖြင့် ပြောလာသည် "မင်းရဲ့... သတို့သမီးပစ္စည်းတွေအကုန်လုံးက ဒီမှာ။ ငါတို့မျိုးနွယ်စုကနေ မီးလျှံဝံပုလွေစုဆီရောက်ဖို့ တစ်ရက်နဲ့ နေ့တစ်ဝက် လမ်းလျှောက်ရလိမ့်မယ်။ မင်း... လုံခြုံဖို့ ဂရုစိုက်ပါ"

ယွမ်ချိုးချိုး ခေါင်းငြိမ့်ပြလိုက်ပြီး ရှေ့သို့ခြေလှမ်းလိုက်သည်။ တိရစ္ဆာန်သားရေအိတ်အားဖွင့်ပြီး ကြည့်လိုက်သည်။

ပစ္စည်းများမှာ သူမတောင်းထားသည်များနှင့် အတူတူပင်ဖြစ်သည်။ ဆေးပင်များနှင့် ဆားတုံးများကို တိရစ္ဆာန်သားရေသေးသေးလေးနှင့် ထုတ်ပိုးထားသည်။

ယွမ်ချိုးချိုး အစားအစာအချို့ယူသလို ဟန်ဆောင်လိုက်သည်။ ဆေးပင်အားထုပ်ထားသည့် တိရစ္ဆာန်သားရေအသေးနှင့် အသားခြောက်နှစ်ခုအားထုတ်လိုက်ပြီး သူမကိုင်ထားသည့် တိရစ္ဆာန်သားရေအိတ်ထဲသို့ ထည့်လိုက်သည်။ သူမ သားရေအိတ်အကြီးအား မ,ရန်ကြိုးစားနေချိန်တွင် ဒယီးဒယိုင်ဖြစ်နေလေသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now