Chapter-3 သားမွေးမင်္ဂလာဝတ်စုံဝတ်ထားသောသတို့သမီးနှင့်ဝံပုလွေလေး

Start from the beginning
                                    

ယွမ်ချိုးချိုး သူမခေါင်းအား ညင်သာစွာ ပွတ်သပ်လိုက်သည်။ အိပ်ယာပေါ်မှ တိရစ္ဆာန်‌အရေခွံအကြီးကြီးကို သားရေအိတ်နှင့်တွဲချုပ်လိုက်ပြီး ဂူထဲမှပစ္စည်းအားလုံးအား ထိုထဲသို့ထည့်လိုက်သည်။

အင်္ကျီများအား ခေါက်နေစဉ် အညိုဖျော့ဖျော့ ကုတ်အင်္ကျီထဲမှ အနီရောင်ခေါင်းစည်းပြားအသစ်တစ်ခုကို ယွမ်ချိုးချိုး တွေ့လိုက်ရသည်။

ထိုဟာကို ရှားပါးတိရစ္ဆာန်၏ သားမွေးဖြင့် ပြုလုပ်ထားသည်။ ထိုဟာမှာ အလွန်ကို ရိုးစင်းသော်လည်း နီရဲတောက်ပနေကာ နှစ်သက်ဖွယ်ကောင်းလှသည်။ ဘာနှင့်တူသည်လဲဆိုတော့............သတို့သမီးခေါင်းဆောင်းကဲ့သို့ပင်။

သူမစိတ်ထဲတွင် အဘယ်ကြောင့် ဤစကားလုံးများ ပေါ်လာရသည်ကို သူမလည်း မသိတော့ပေ။ ယွမ်ချိုးချိုး၏ နှလုံးသားမှာ တင်းကြပ်လာသည်။ သူမ တွန့်ဆုတ်လျက် ခေါင်းစည်းပြားအား ထိလိုက်သည်။

ထိုဟာပေါ်မှ နူးညံ့သော သားမွှေးလေးများကို သူမထိလိုက်သည်။ နောက်တော့ ဘာကြောင့်မှန်းမသိ သူမမျက်လုံးများမှာ အနည်းငယ် ချဉ်စူးစူးဖြစ်လာသည်။

အနှစ်၂၀ကျော်နေထိုင်ပြီးသည်အထိ သူမတစ်ခါမှ မချစ်ခဲ့ဖူးပေ။ယခုမူ သူမမှာရုတ်တရတ် သတို့သမီးတစ်ယောက်ဖြစ်လာပြီး ဝံပုလွေတစ်ကောင်အား လပ်ထပ်ရတော့မည်။

သူမ၏အနာဂတ်ခင်ပွန်းအကြောင်းစဉ်းစားရင်း ယွမ်ချိုးချိုး ရယ်ရမည်လော ၊ ငိုရမည်လောမသိတော့သည့် အမူအယာနှင့်အတူ နှုတ်ခမ်းတို့အား ကြုံ့လိုက်သည်။

မသန်မစွမ်း ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဆိုးယုတ်သည့်ဝံပုလွေတစ်ကောင်။

သူမသည် singleခွေးတစ်ကောင်အဖြစ်မှ ဝံပုလွေနတ်ဆိုး၏ သတို့သမီးတစ်ယောက်အဖြစ် ကြီးကြီးမားမားကို ခုန်ပျံကျော်လွှားပစ်လိုက်ပေသည်။

ယွမ်ချိုးချိုး အလွန်ကို စိတ်ရှုပ်ထွေးနေသည်။ သူမမျက်တောင်ခတ်လိုက်ပြီး အနီရောင်ခေါင်းစည်းပြားအား လက်နက်အဖြစ်အသုံးပြု၍ရနိုင်သည့် ချွန်မြနေသော အရိုးအပ်နှင့်အတူ သူမအိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now