Because of Love🖤( Final 👨‍❤️‍👨 )

Start from the beginning
                                    

Lucyမှာလည်း ရှင်းကိုသေချာလေး ခေါင်းစခြေဆုံးကြည့်ကာ ပြုံးလိုက်ပီး..

" ရှင်းလေးကချစ်စရာကောင်းလိုက်တာ.. မမရဲ့VIPသခင်လေးအတွက် လက်ရာအမြောက်ဆုံးချုပ်ထားပေးတာနော်..သဘောကျရဲ့လား ရှင်းလေး ''

" ဟုတ် မမLucy ..ကျေးဇူးတင်ပါတယ် ''

" မဟုတ်တာရှင်းလေးရယ် မမကဘဲ ဝမ်းသာနေတာလေ bossနဲ့bossရဲ့သတို့သားလေးရယ်ရဲ့ မဂ်လာဝတ်စုံကိုချုပ်ပေးရတာ မမအတွက်တော့ လုံးဝကိုဂုဏ်ယူစရာဘဲလေ''

" ဟီး~ဟုတ် ''

Designer ဖြစ်တဲ့Lucyတစ်ယောက်မှာ bossရဲ့သတို့သားလေးဖြစ်တဲ့ ရှင်းလေး သူမချုပ်ထားပေးတဲ့ ဝတ်စုံလေးကို လိုက်ဖက်စွာဝတ်စားထားကိုကြည့်ပီး ဂုဏ်ယူမဆုံးဖြစ်နေတော့သည် ။ သူမရဲ့ ဒီဇိုင်းနာသက်တမ်းတစ်လျောက် ချုပ်ခဲ့ထူးသမျှဝတ်စုံလေးကိုသာမေးရင် bossတို့ စုံတွဲရဲ့ မဂ်လာဝတ်စုံလေးလို့ဖြေမိမှာဘဲလေ ။

အဖြူရောင်ဝတ်စုံလေးမှာ အပြာရောင်အနားကွပ်လေးနဲ့လှပနေပီး ရင်ဘက်လေးမှာပန်းလေးတစ်ပွင့်ထိုးကာ ကြည့်လို့လှလွန်းနေသည် ။ ဆံပင်ခပ်အုပ်အုပ်လေးနှင့် မျက်နှာမှာ ရိုးရိုးရှင်းရှင်းလေးနှင့် အနည်းငယ်ပြင်ဆင်ရုံနဲ့ပြီးပြည့်စုံကာ သတို့သမီးတွေထက်လှပလွန်းနေတဲ့ သတို့သားကလေးရှင်း။

ရှင်းရဲ့မျက်နှာလေးက နဂိုဖွေးတာကြောင့် မိတ်ကပ်အထူကြီးမလိုဘဲ အနည်းငယ်ပြင်ဆင်ရုံနဲ့ ပြီးပြည့်စုံနေပီးလေ ။ နှုတ်ခမ်းပါးလေးကလည်း နဂိုကတည်းက စိုစွတ်ပီးပန်းရောင်လေးသန်းကာ လှပနေတာကြောင့် ဆေးအကူတောင်မလိုဘဲ သဘာဝဆန်စွာနဲ့ လှပနေသည် ။

ဒီအလှလေးကို ကဲကဲသဲသဲbossသာတွေ့ရင် သေချာပေါက်ကို အသဲယားမှာအမှန်ပင် ။

" ဒါဆို မမbossအတွက်လည်းလိုအပ်တာလေးသွားကြည့်ပေးလိုက်ဦးမယ်နော် ~တစ်ခုခုလိုတာရှိရင် မမကိုခေါ်လိုက်နော် ''

" ဟုတ်ကဲ့ ''

" Kanရေ ရှင်းကိုမမအစားသေချာလေးဂရုစိုက်ပေးလိုက်ဦးနော် မမbossရဲ့ဝတ်စုံကိုသွားကြည့်လိုက်ဦးမယ် ''

You've reached the end of published parts.

⏰ Last updated: Sep 04, 2021 ⏰

Add this story to your Library to get notified about new parts!

Because of love🖤[ Completed ]Where stories live. Discover now