Because of Love🖤(Chapter 25)

3.7K 159 1
                                    

Unicode //

ရှင်းတို့ ဧည့်ခန်းမှာထိုင်နေတာ နေ့လည်ကျော်ပီး ညနေထိတောင်ရောက်လာသည်..။ ထိုအချိန်အတွင်းမှာလည်း ရှင်းနဲ့ကိုကိုနဲ့က စကားပြောလိုက်၊ မုန့်စားလိုက်၊ ကာတွန်းကားကြည့်လိုက်နဲ့တင် နှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အေးအေးဆေးဆေးပင်..။

ကိုကိုက ရှင်းကိုလက်ပေါ်ကတောင်မချဘဲ ချီထားမယ်လုပ်ပေမယ့်လည်း ရှင်းမှာ မနည်းကိုတားထားရသည်..။ ကိုကိုကမသိပေမယ့်လည်း ရှင်းကသာတစ်နေကုန်ထိုင်နေရင် အားနာတာကြောင့်လေ..။

ရှင်းက ကိုကို့ဘေးနားကပ်ရပ်လေးမှာထိုင်နေပီး ဂိမ်းစက်လေးကိုကိုင်ကာ အာရုံစိုက်ပီး ဆော့နေသည်..။ ရှင်းရဲ့လူကြီးကလည်း ရှင်းကိုအဖော်လုပ်ပေးနေတာကြောင့် ရှင်းသဘောအတိုင်း လိုက်ဆော့ပေးရတာပေါ့..။

အိမ်အကြီးကြီးမှာက ရှင်းနဲ့ကိုကိုနှစ်ယောက်ထဲရှိနေတာကြောင့် တိတ်ဆိတ်နေပေမယ့်လည်း ရှင်းဘေးနားမှာကိုကိုရှိနေလို့ထင်သည် ပျော်စရာကောင်းနေပီး နေရထိုင်ရတာ သက်တောင့်သက်သာနဲ့ အတော်ကောင်းလှသည်..။

" Boss..''

Williamကလေးနဲ့အတူတူ ဧည့်ခန်းထဲမှာ ဂိမ်းဆော့ပေးနေတုန်း ​ခြံရှေ့မှာစောင့်ခိုင်းထားတဲ့ အစောင့်တွေထဲက တစ်ယောက်က ဝင်လာပီး ခေါ်တာကြောင့် Williamဂိမ်းဆော့တာကိုမရပ်လိုက်ဘဲ တစ်ချက်ကြည့်ကာ ပြောဖို့ အချက်ပြလိုက်သည်..။

အိမ်ထဲကို ဝင်မလာဘဲ အပြင်မှာစောင့်ဖို့ပြောထားပေမယ့်လည်း Williamကိုလာခေါ်တယ်ဆိုတော့ ဘာကိစ္စများလဲလို့ပေါ့..။

" အပြင်မှာ bossနဲ့တွေ့ချင်တယ်လို့ပြောလို့ပါ.. ​သူကbossနဲ့တွေ့ကိုတွေ့ရမယ်လို့ပြောနေလို့ပါ..''

Williamစစချင်းက လက်မခံဘူးပြောလိုက်ချင်ပေမယ့်လည်း သူဆက်ပြောတဲ့စကားကြောင့် အေးစက်စက်ပြုံးလိုက်ကာ..

" အေးး ဝင်လာခိုင်းလိုက်..''

" ဟုတ်ကဲ့...''

ထိုအစောင့်မှာ Williamရဲ့အမိန့်ရတာကြောင့် ဖုန်းထုတ်လိုက်ပီး ခြံရှေ့မှာကျန်ခဲ့တဲ့ အစောင့်တစ်ယောက်ဆီ ခြံတံခါးဖွင့်ဖို့ အချက်လှမ်းပြလိုက်သည်..။

Because of love🖤[ Completed ]Where stories live. Discover now