Because of love🖤(Chapter3)

6.9K 411 16
                                    

Unicode//

ရှင်းနေတဲ့တိုက်ခန်းရှေ့ ရောက်တော့ ရှင်းTaxiပေါ်ကဆင်းလိုက်ပီး ..အပေါ်တက်မလို့လုပ်နေတုန်း အနက်ရောင်ကားတစ်စီးပေါ်က လူတစ်ယောက်ဆင်းလာပီး ရှင်းအရှေ့ပိတ်ရပ်လိုက်တာကြောင့်ရှင်းလန့်သွားသည်..

" Mr. Shin ကျနော်နဲ့လိုက်ခဲ့ပေးပါ..''

" ဘယ် ဘယ်သူလဲမသိ..''

အနက်ရောင်ဝတ်စုံပြည့်နဲ့အရပ်ခပ်မြင့်မြင့် လူကရှင်းအရှေ့မှာပိတ်ရပ်လိုက်တာကြောင့်ရှင်းလန့်သွားသည် ထိုသူကိုကြည့်ရတာရုပ်ခံလေးကချောပီး ကြောက်စရာမကောင်းပေမယ့် အေးစက်နိုင်လွန်းသည်..

" bossကခေါ်ခိုင်းလိုက်လို့ပါ..''

Lucasပြောတဲ့စကားကြောင့် ထိုကောင်လေး
ကlucasကိုbossကဘယ်သူလဲဆိုတဲ့အ​ကြည့်နဲ့ကြည့်နေတာကြောင့်ဆက်ပီးပြောလိုက်သည်..

" Mr. Williamကကျနော့်တို့bossပါ''

Williamဆိုမှ ရှင်းသဘောပေါက်သွားသည် အလုပ်ကိစ္စအကြောင်းများပြောမယ်ထင်ပေမယ့် bossကိုမပြောဘဲဘာလို့ရှင်းကိုလာခေါ်မှန်း ရှင်းနားမလည်။

" ဟိုအလုပ်ကိစ္စဆိုbossကိုပြောရမှာမဟုတ်ဘူးလား ''

" Bossက Mr. Shinကိုဘဲခေါ်ခိုင်းလိုက်တာပါ..''

" ဒါပေမယ့် ရှင်းနဲ့ကဘာပြောစရာရှိလို့လဲ..''

Lucasကိုရစ်နေတဲ့ ရစ်စိန်လေးကြောင့် Lucasခေါင်းကိုက်ရသည်.. bossကလည်း စိတ်ကြီးတဲ့ပုံနဲ့ ဒီအသေးလေးသာမလိုက်ဘူးလို့ခံငြင်းရင်တော့ ကြားထဲကသူအထောင်းခံရမယ်လေ..။

" အဲ့ဒါကတော့ကျနော်လည်းမသိပါဘူး bossမှာတာက Mr. Shinတစ်ယောက်ထဲကိုဘဲခေါ်လာပါလို့သေချာမှာလိုက်လို့ပါ..''

" အင်းပါ ရှင်းကသေချာအောင်မေးကြည့်တာပါ ဘယ်ကိုသွားရမလဲ..''

" ဒီကားပေါ်တက်ပါ...''

ရှင်းရစ်နေပေမယ့် Lucasကစိတ်ရှည်ရှည်နဲ့ရှင်းမေးသမျှမေးခွန်းတွေကိုဖြေပီးရှင်းကိုသာခေါ်နေတာကြောင့်ရှင်းမှာအားနာပေမယ့်သေချာအောင်မေးကြည့်ရတာပေါ့..ရှင်းကိုခေါ်တာလည်းသေချာပီးမလို့ ရှင်းဘာမှဆက်မမေးတော့ဘဲ အဲ့အကိုကြီးခေါ်တဲ့နောက်ကိုသာလိုက်လာတော့သည်။

Because of love🖤[ Completed ]Where stories live. Discover now