Because of love🖤(chapter2)

6.8K 365 5
                                    

Unicode//

' အားး ခေါင်းကိုက်လိုက်တာ..'

ညတုန်းကသောက်ထားတဲ့အရှိန်ကြောင့် ရှင်းနိုးတဲ့အခါခေါင်းတွေကိုက်ပီး မူးဝေဝေဖစ်နေသည်..

အချိန်ကိုကြည့်လိုက်တော့လည်း မစောတော့တာကြောင့် ရှင်းအိပ်ရာထလိုက်ပီး လန်းလန်း ဆန်းဆန်းလေးဖစ်သွားအောင် ရေမိုးချိုးလိုက်ပီး အဝတ်အစားလဲကာလမ်းထိပ်မှာရှိတဲ့စတိုးဆိုင်ကို ဆေးဝယ်ဖို့ ထွက်လာလိုက်သည်..

တီတီ...

ရှင်းစတိုးဆိုင်ကနေပြန်အလာ တစ်ယောက်ယောက်က ဖုန်းခေါ်တာကြောင့် ကြည့်လိုက်မှမမLilly..

" ဟယ်လို မမ..''

" ဟယ်လို ရှင်းနိုးပီးလား ခေါင်းရောမူးနေလား..''

" ခေါင်းကနည်းနည်းလေးမူးနေပေမယ့် ရှင်းဆေးသောက်လိုက်လို့ကောင်းသွားပါပီး.. မမရော..''

" မမကအဲ့လောက်မဟုတ်ပါဘူး ရှင်းကိုစိတ်ပူလို့ဆက်ကြည့်တာ အဆင်ပြေရင်ရပါပီး.. ''

" ဟုတ်.. ''

" ဒါနဲ့ရှင်း အားလား.. မမတို့ပင်လယ်သွားကြည့်ရအောင်လေ..''

" ရှင်းမလိုက်တော့ဘူးမမ အိမ်မှာဘဲနေချင်လို့..''

" ဟင်..အေ့လေရှင်းပင်ပန်းနေမှာဘဲ.. နားလိုက်နော်.. ဒီနေ့လေးကိုဟိုငတုံးbossခိုင်းရင်လည်းဘာမှမလုပ်နဲ့အုံးအဝသာနား နားရက်ကရှင်းအတွက်ဘဲ..''

" ဟာ မမကတော့လေ ကျေးဇူးတင်ပါတယ်ဗျ..''

" ဟုတ်ပါပီး..ဒါဆိုရှင်းနားနေနော်မမဖုန်းချလိုက်တော့မယ်..''

" ဟုတ်..''

ရှင်း မမLillyနဲ့ဖုန်းပြောပီးအချ နောက်ထပ်ဘာမှန်းမသိတဲ့ဖုန်းနံပါတ်တစ်ခုဝင်လာပြန်သည်..ရှင်းကလည်း သိတဲ့လူဆိုလို့bossနဲ့ Lillyတို့အပြင်မရှိတာကြောင့် bossရဲ့အရင်ကောင်မလေးတွေများပြဿနာထပ်ရှာမယ် ထင်ပီးရင်ထိတ်နေရသည်..

" ဟယ်လို Shinလား..''

ရှင်းထင်ထားတာနဲ့မတူဘဲ ဖုန်းပြောနေတဲ့သူမှာယောကျာ်းလေးတစ်ယောက်..

" ဟုတ်ကဲ့ ဒါနဲ့ဘယ်သူများ..? ''

" ကိုယ့်အသံမမှတ်မိဘူးလား ကိုယ်က Thomasလေ..''

Because of love🖤[ Completed ]Where stories live. Discover now