Because of love🖤(Chapter10)

4.5K 237 1
                                    

Unicode //

" boss ဒါကဒီတခေါက်ရဲ့ လူသစ်စာရင်းပါ..''

ငှာနမှူးပေးတဲ့ ဖိုင်ကိုDavidယူလိုက်ပီး ဖွင့်မကြည့်သေးဘဲဘေးမှာတင်ထားလိုက်သည်.. Davidတို့ကစီးပွားရေးလုပ်နေတာကြောင့် လုပ်ငန်းခွင်မှာဆိုရင် အရည်အချင်းရှိတဲ့သူတွေလိုအပ်တာကြောင့် လူသစ်ခေါ်စမြဲ..။ ပီးရင်လည်းDavidတို့ပြိုင်ဆိုင်နေရတဲ့ လုပ်ငန်းကြီးတွေကလည်း တော်ရုံမဟုတ်ဘူးလေ..အဲ့ဒါကြောင့်Davidတို့လည်းရရင်ရသလောက် လူတော်တွေကိုအလုပ်ခန့်ရတာပေါ့..။

" မင်းတို့ငှာနမှာဒီတစ်ခေါက်ကဘယ်နယောက်ခေါ်လဲ..''

" သုံးယောက်ပါ..''

" ok သုံးယောက်ဆိုတော့မဆိုးပါဘူး..''

" ဟုတ်ကဲ့ လူသစ်တွေကကျနော်တို့အတော်ဆုံးတွေကိုရွေးထားတာပါ..''

" အေးး ဒါမယ့်အချောင်ခိုတာတို့ အလုပ်ကိုမလေးစားတာတို့ဆိုရင်ချက်ခြင်းထုတ်ပစ်..''

" ဟုတ်ကဲ့ပါboss ..ဒါဆိုသွားပြုပါဦး..''

ငှာနမှူးလည်းသူ့တာဝန်သူလုပ်ပီးတာကြောင့်အပြင်အထွက်..

ဘုတ်..

" sorry..''

သူ့အမှားကြောင့်တိုက်မိတာမို့ ပြုတ်ကျသွားတဲ့ဖိုင်ကိုကောက်ပီးပေးလိုက်ပေမယ့်.. ထိုကောင်လေးကသူနဲ့တိုက်မိတဲ့ပုခုံးကိုလက်နဲ့ခါထုတ်လိုက်ပီး မသိရင်ရွံစရာတစ်ခုခုနဲ့ထိသွားသလို..ပြုမူလိုက်တာကြောင့် တောင်းပန်နေရတဲ့သူမှာမသိရင် အပစ်အကြီးကြီးလုပ်ထားသလို..။

* ဘာလဲဟ သူက..*

ထိုကောင်လေးက မျက်နှာမဲ့ရွဲ့ပီးပေးလိုက်တဲ့ဖိုင်ကိုဆွဲယူလိုက်ကာ bossရုံးခန်းထဲဝင်သွားတာကြောင့်ကျန်ခဲ့တဲ့သူအတွက်ခံပြင်းစရာ..။

" boss..နောက်ခနလေးနေရင်သွားတွေ့ရမယ့်နေရာပါ..''

" အင်းး..''

ရုံးခန်းထဲမှာထိုင်ပီး တည်တည်ငြိမ်ငြိမ်နဲ့အလုပ်လုပ်နေတဲ့ Davidကိုတွေ့တာကြောင့် Finnအတတ်နိုင်ဆုံးပြုံးပီးစကားစပြောလိုက်ပေမယ့်.. တချက်လေးတောင်မော့မကြည့်ဘဲအင်းတစ်လုံးသာပြောတဲ့လူကြီးကြောင့် Finnစိတ်ဆိုးမိသည်.. ဒါမယ့်ဒီလိုမျိုးရဖို့ခက်လို့လဲ ပိုပီးစိတ်ဝင်စားစရာကောင်းတာမလား..။

Because of love🖤[ Completed ]Where stories live. Discover now