Because of Love🖤( Chapter35🚨🚨 )

3.5K 121 0
                                    

Unicode //

🅦︎🅐︎🅡︎🅝︎🅘︎🅝︎🅖︎🚨🚨

" ကို ကို.. ''

" ကလေး .. လာခဲ့လေ..''

William အလုပ်လုပ်နေတုန်း တံခါးဝလေးမှာရပ်နေပီး တစ်လုံးချင်းဆီခေါ်နေတဲ့ ကလေးလေးကိုကြည့်ပီး Williamဝင်လာဖို့ပြောလိုက်တယ်..။

" ကလေး ဝင်လာလေ..''

ဝင်လာလို့ပြောနေပေမယ့် မဝင်လာဘဲရပ်မြဲရပ်နေပီး Williamကိုကြည့်နေတဲ့ကလေးလေးက တစ်ခုခုမူမမှန်သလို..။

" ကလေးကိုယ့်ဆီလာလေ အကြာကြီးရပ်နေရင်ညောင်းလိမ့်မယ်..''

" အင်းး..''

" ကလေး..!''

Williamထပ်ခေါ်လိုက်တော့မှ အင်းဆိုပီးလာနေပေမယ့် ကလေးကိုယ်လေးကယိုင်တိုင်တိုင်နဲ့ ပြုတ်ကျတော့မလို..။ ကလေးပြုတ်ကျသွားမှာစိုးတာကြောင့် Williamမြန်မြန်သွားပီး ကိုယ်လုံးလေးကိုဆွဲဖက်လိုက်သည်..။

" ကလေးသောက်ထားတာလား..''

" ဟီးဟီး..''

ကလေးဆီကအနံ့နည်းနည်းရနေတာကြောင့်Williamသိလိုက်သည်..။

သောက်ပီးမူးနေတဲ့ကလေးကတော့ ရင်ခွင်ထဲကနေခေါင်းလေးမော့ကာ သူမဟုတ်သလိုလိုလေးပြုံးပြနေတယ်လေ..။

ရှင်းမုန့်စားမလို့ရေခဲသေတ္တာဖွင့်ကြည့်တော့ ကိုကိုအမြဲသောက်နေကျပုလင်းလေးကိုတွေ့တာကြောင့်ပြုံးလိုက်သည်..။

ကိုကိုကဝိုင်ပုလင်းတို့အရက်ပုလင်းတို့ကိုသီးသန့်ထားတဲ့နေရာရှိပေမယ့် မနေ့ကဧည့်ခန်းထဲမှာသောက်ပီး ဒီထဲလာထည့်ထားတဲ့ပုံ..။

ရှင်းလည်းမသောက်ရတာလည်းကြာပီဆိုတော့ နည်းနည်းလေးသောက်ချင်တာကြောင့် ပုလင်းကိုဖွင့်ပီးမော့လိုက်တယ်..။ အရသာကခါးလည်းမခါးဘဲချိုပီး လျှာထဲမှာစွဲသွားတာကြောင့် ရှင်းတငုံတငုံနဲ့ပုလင်းတစ်ဝက်ကျန်တာ အကုန်ကုန်သွားတာပေါ့..။

ဝိုင်ကမပြင်းပေမယ့် ရှင်းအတွက်ကမူးဖို့လုံလောက်ပီးမို့ ရှင်းရီဝေဝေတောင်ဖစ်လာသည်..။ ရှင်းအပေါ်ထပ်ကိုမနည်းတက်လာရပီး အိပ်ခန်းထဲဝင်မလို့လုပ်ပေမယ့်လည်း ကိုကို့ကိုတွေ့ချင်လာတာကြောင့် အခန်းထဲမဝင်ဘဲ ကိုကိုရှိနိုင်တဲ့ စာကြည့်ခန်းကို ယိုင်တိယိုင်တိုင်နဲ့ သွားပီး အခန်းတံခါး ဖွင့်ကြည့်လိုက်တော့..ထင်တဲ့အတိုင်းပင် ကိိုကိုက အလုပ်များနေတယ်လေ..။

Because of love🖤[ Completed ]Where stories live. Discover now