Because of love🖤(Chapter29)

3.2K 157 0
                                    

Unicode//

အခုဆိုရင် ရှင်းနဲ့ကိုကိုနဲ့ချစ်သူဖစ်တာကို ကိုကို့မေမေရော ကိုကို့ဖေဖေရော တစ်မိသားစုလုံးသိပီးဆိုတော့ ရှင်းစိတ်ထဲကပူပန်နေတဲ့အလုံးကြီးကျသွားပီ..။

ကိုကို့ဖေဖေက ရှင်းကိုသဘောမကျဘူးထင်ထားပေမယ့်လည်း ရှင်းထင်တာနဲ့တခြားစီပင် ရှင်းကိုအိမ်ကိုလည်းခနခနလာလည်ဖို့လည်းခေါ်ပီး ရှင်းကိုလည်း အရမ်းချစ်တယ်လေ..။

ကိုကို့ဖေဖေနဲ့မေမေက အရမ်းဖော်ရွေပီး ရှင်းကိုလည်း အရမ်းချစ်ကြတာ ရှင်းရဲ့မိဘအရင်းတွေလိုပင်..။

ရှင်းကိုလက်ခံပေးရုံတင်တောင်မဟုတ် သားအရင်းတစ်ယောက်လိုလဲ ဂရုစိုက်ပေးတာကြောင့် ရှင်းအရမ်းပျော်ရသလို မိဘတွေကိုတောင် ​ပြန်သတိရမိတယ်..။

ရှင်းကိုကိုနဲ့ချစ်သူတွေဖစ်ရလို့ အရမ်းပျော်တယ်..။ ကိုကိုက ရှင်းကိုချစ်ပေးတဲ့အပြင် ကိုကို့မိသားစုကလည်း မိသားစုလေးထဲကို နွေးနွေးထွေးထွေး ကြိုဆိုတာကြောင့် ရှင်းအရမ်းပျော်တယ် ပြောပြမတတ်အောင်ပေါ့..။

ကိုကိုကတော့ တကယ့်ကိုအကောင်းဆုံးဘဲလေ..။

ရှင်းကိုကိုအလုပ်သွားတဲ့ အချိန်တွေဆိုရင် တရက်တလေ ကိုကို့မိဘတွေရဲ့အိမ်မှာ သွားပီး ကိုကို့မေမေနဲ့တူတူအချိန်ဖြုန်းတတ်သည်..။ ကိုကိုကလည်း ခွင့်ပြုပါတယ် ရှင်းကိုတစ်ယောက်ထဲ ထားခဲ့တာထက်ဆိုင်ရင် mummyတို့နဲ့ ချန်ခဲ့တာက စိတ်ချရတယ်တဲ့လေ..။

အကိုYanကလည်း တစ်ခါတလေဆိုရင် ရှင်းနဲ့တူတူ ကိုကို့မေမေအိမ်မှာ လာဆော့ပေးပါသည်..။ ရှင်းကတော့ ပျော်နေရတာပေါ့..။

Roseကတော့ Jamesကုမ္ပဏီသွားရင် အမြဲတစ်ယောက်ထဲကျန်ခဲတာကြောင့် အပြင်တွေထွက်တတ်ပေမယ့်လည်း ကလေးလာလည်ကတည်းက အပြင်တောင်မသွားတော့ဘဲ ကလေးနဲ့အတူတူ အိမ်မှာဘဲ အချိန်ကုန်ဆုံးကြတာပေါ့..။

Roseကပန်းပင်လေးတွေ စိုက်ရတာကြိုက်ပီး ရှင်းကလည်း ဝိုင်းကူတာကြောင့် နှစ်ယောက်သားကတော့ အတော်လေးကိုအတိုင်အဖောက်ညီကာ အဖော်ဖစ်နေသည်..။

ကလေးက တချို့နေရာတွေမှာဆိုရင် တကယ်ရင့်ကျက်တဲ့ လူငယ်လေးလိုပင်..။ Williamကတော့ တကယ့်ချစ်စရာအကောင်းဆုံးသူလေးကို ပိုင်ဆိုင်ထားတာဘဲ..။

Because of love🖤[ Completed ]Where stories live. Discover now