Because of Love🖤( Final 👨‍❤️‍👨 )

6.6K 191 8
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎 //

ပြာလဲ့ပီး တိမ်တွေရေးရေးလေးနှင့် လှပတဲ့ကောင်းကင်ကြီးနဲ့အတူ နောက်ခံပင်လယ်ပြင်ကျယ်ကြီးက လိုက်ဖက်နေလွန်းသည် ။

ပင်လယ်ကြီးရဲ့အရှေ့ ကောင်ကင်ကြီးရဲ့ အောက်ဘက်ရှိ မြက်ခင်းစိမ်းအကျယ်ကြီးပေါ်မှာလည်း သပ်ရပ်စွာဝတ်ဆင်ထားတဲ့ သိပ်မများလွန်းတဲ့လူတွေကလည်း စုရုံးလို့ပင် ။

ဒီနေ့လေးကတော့ အထူးခြားဆုံးသောနေ့လေးပေါ့ ။ ဒီနေ့လေးက Williamနဲ့ရှင်းရဲ့ လက်ထပ်မဂ်လာပွဲဖြစ်ပီး ပတ်ဝန်းကျင်တစ်ခုလုံးကလည်း စိမ်းစိုကာ လှပလို့နေသည် ။

အားလုံးမှာ တချို့က အံ့သြတဲ့မျက်နှာတွေဖြစ်နေကြပီး အားလုံးတူညီနေကြတာက မျက်နှာပေါ်ကအပြုံးများပင် ။ တသက်လုံး အလုပ်ဘဲ လုပ်ပီး အချစ်ရေးနဲ့ပတ်သက်လာရင် ဘယ်တော့မှစိတ်မဝင်စားတတ်တဲ့Williamလို လူမျိုးက လက်ထပ်တော့မယ်ဆိုတော့ အံ့သြနေကြမှာဘဲလေ ။

မဂ်လာပွဲကိုက Williamတို့နဲ့သိတဲ့လူတချို့ကိုသာဖိတ်ကြားပီး ရိုးရိုးရှင်းရှင်းလေးနဲ့သာလုပ်ဖို့စီစဥ်ထားလိုက်တယ် ။ Williamကတော့ ကလေးကကိုယ့်အပိုင်ဆိုပီး လူတွေအားလုံးရှေ့မှာထုတ်ကြွားလိုက်ချင်ပေမယ့်လည်း ကလေးလေးက လူတအားများရင် နေရခက်တာကြောင့် ဒီလိုလေးရိုးရိုးရှင်းရှင်းဘဲလုပ်လိုက်ရတာလေ ။

ရေမြေခြားနေရာမှာ လက်ထပ်ရတဲ့ ကလေးလေးအတွက်က စိတ်ထဲနေရတာအသားမကျဘူးဆိုတာကို Williamနားလည်တယ်လေ ။

ကြွရောက်လာတဲ့ ဧည့်သည်တွေကိုတော့ Roseနဲ့Jamesတို့က အပြုံးတွေနဲ့ နှုတ်ဆက်ကာ စကားပြောနေကြပီး Lucasတို့မိသားစုကလည်း ဝိုင်းဝန်းပီး ဧည့်ခံနေကြသည် ။

Emmaတို့ကလည်း Bossဖြစ်သူရဲ့ လက်ထပ်ပွဲအတွက် ဝမ်းသာပီး လုပ်စရာရှိတာကို တာဝန်ကျေကျေထမ်းဆောင်နေတာပေါ့ ။

ထိုတချိန်ထဲမှာဘဲ အခန်းလေးတစ်ခန်းထဲမှာတော့ ။

" ကလေးလေးက လှလိုက်တာ... ''

သတို့သားဝတ်စုံလေးကို ဝတ်ပီးထွက်လာတဲ့ ချစ်စရာသတို့သားလေးကိုကြည့်ပီး Kanမှာအသဲတယားယားဖြစ်ကာ မျက်ရည်တွေဝဲနေတော့သည် ။ ဒီလိုအလှလေးက Kanတို့ရဲ့ တကယ့်မိသားစုတွေဖြစ်လာတော့မှာလေ ။

You've reached the end of published parts.

⏰ Last updated: Sep 04, 2021 ⏰

Add this story to your Library to get notified about new parts!

Because of love🖤[ Completed ]Where stories live. Discover now