Because of love🖤(Chapter1)

11.6K 479 14
                                    

Unicode//

အမေရိကန်ပြည်ထောင်စုNew York မြို့ရဲ့ ပန်းခြံတနေရာရှိ ခုံရှည်တန်းလေးပေါ်တွင်ထိုင်ပီး နေဝင်ဆည်းဆာကိုကြည့်နေတဲ့ကောင်လေးတစ်ယောက်.. ထိုကောင်လေးကတော့ရှင်း..

ရှင်းကမြန်မာနိုင်ငံသားတစ်ယောက်ဖစ်ပီး သာမန်မိသားစုကမွေးဖွားလာသူတစ်ယောက် အလုပ်အရလို့ဆိုလို့ရပေမယ့် အရမ်းလာချင်ခဲ့တဲ့New Yorkမြို့တော်မှာဘွဲ့ရပီးပီးချင်းအလုပ်လုပ်ရန်လာခဲ့ခြင်းပင်..

ရှင်းကအသက်20စွန်းစွန်းရှိပေမယ့် အရပ်5'4"မပြည့်တပြည့်သာရှိပီး မျက်နှာသွယ်သွယ် နှုတ်ခမ်းမပါးတပါး နှာတံစင်းစင်းနှင့်မျက်လုံးဝိုင်းဝိုင်းတို့ကြောင့် အသက်နှင့်မလိုက်ချစ်စရာကောင်းလွန်းလှသည် ထို့ပြင်ခန္ဓာကိုယ်ကလည်းသွယ်သွယ်လျှလျှဖြူဖြူအုအုလေးဖစ်တာကြောင့် ယောကျာ်းလေးလို့တောင်မဆိုနိုင်..။

ရှင်းမြန်မာနိုင်ငံမှာကျောင်းနေခဲ့တုန်းကဆိုရင်ရှင်းရဲ့သေးသွယ်တဲ့ခန္ဓာကိုယ်နဲ့ ​ယောကျာ်းမဆန်တဲ့မျက်နှာကြောင့် သူငယ်ချင်းတွေက
မိန်းကလေးဆိုပီးအမြဲစကြတယ်လေ ဒါပေမယ့်ရှင်းက အဲ့လိုကိစ္စမျိုးတွေကိုစိတ်ထဲမထားပါဘူး..

အမေရိကန်တို့လိုခေတ်မှီ ပွင်းလင်း တဲ့မြို့ကြီးတွေမှာတော့ ရှင်းရဲ့ပုံစံကို​မက်မောပီးချစ်ခွင့်ပန်တဲ့သူတွေရှိပေမယ့် အချစ်ရေးကိုစဥ်းစားချိန်မရတာကြောင့်ရော တနေ့တနေ့အလုပ်ကိစ္စနဲ့ဘဲလုံးပန်းနေတာကြောင့်ပါ ရှင်း မှာအချစ်ရေးကိစ္စနဲ့ပတ်သက်ပီး အရှုပ်တွေမရှိ...။

ပန်းခြံကခုံလေးမှာထိုင်ပီး နေဝင်ဆည်းဆာကြည့်ရတာကအတော်လေးလှပီး ရှင်းကို စိတ်အပန်းပြေစေတယ်လေ.. မိုးလင်းကတည်းကအလုပ်တွေရှုပ်နေပီး စိတ်အပန်းဖြေစရာဆိုလို့ဒီအချိန်လေးသာရှိတာမို့ နေဝင်သွားတဲ့အထိရှင်းငေးမောကြည့်နေမိသည်..။

New yorkမှာ နေနိုင်ဖို့ကိုရှင်းအရင်ကတည်းကစဥ်းစားခဲ့ပီး တကယ်လာနေနိုင်​ပေမယ့် မွေးရပ်မြေမဟုတ်တဲ့ တိုင်းတပါး
မှာ နေပီး အလုပ်လုပ်ရတာက အတော်လေးတော့ခက်ခဲတာပေါ့..။

Because of love🖤[ Completed ]Where stories live. Discover now