Because of Love🖤( Chapter31 )

3.1K 158 0
                                    

Unicode //

ဆောင်းရာသီရဲ့ အေးမြမှုနဲ့အတူ ဖြာကျနေတဲ့ နေရောင်လေးရဲ့နွေးထွေးမှုတို့က လိုက်ဖက်လှပလွန်းသည်..။

လှပတဲ့ ကောင်းကင်ကြီးကိုကြည်လင်နေတဲ့ မှန်ပြတင်းပေါက်ကြီးကနေ ရှင်းငေးကြည့်နေမိသည်..။

ကောင်းကင်ကြီးက ဒီနေ့မှ တော်တော်လေးကိုလှပနေသလိုပင်..။ ပုံမှန်ဆိုရင် ဒီလိုသာယာတဲ့ နေ့လေးမှာ ကောင်းကင်ကြီးကို ကြည့်ပီး ရှင်းပြုံးနေမှာ အမှန်ပင်..။

ဒါမယ့် ရှင်းမပြုံးနိုင်သေးပါ..။ ကိုကိုက ဒီနေ့ထိမပြန်လာသေးပြန်ဘူး..။

ကိုကိုရယ် ဘယ်တွေများရောက်နေတာလဲ.. ရှင်းကိုသတိရောမရဘူးလား? ရှင်းကိုမတွေ့ချင်ဘူးလား? ရှင်းကို ဒီလိုနည်းနဲ့ ခံစားအောင်တမင်များလုပ်နေတာလား ကိုကိုရယ်.. ရှင်းအဲ့လောက်ထိ ခံနိုင်ရည်မရှိဘူးနော်ဒီလိုသာဆို ရှင်းရူးသွားလိမ့်မယ်..

ရှင်းကိုကို့ကို အရမ်း အရမ်း.. အရမ်းကိုလွမ်းနေပီး တွေ့ချင်နေပီး ကိုကိုရယ်..။

ကိုကိုမရှိတော့ ရှင်းရင်ထဲမှာ ဟာတာတာကြီးနဲ့ ရှင်းဘာမှစိတ်မဝင်စားအားတော့ မလုပ်နိုင်တော့..။ တနေကုန် ကိုကို့အကြောင်းတွေကို တွေးပီး ကိုကို့ကို ချက်ခြင်းပွေ့ဖက်ထားချင်တယ်..။

ရှင်းကိုအမြဲတမ်း ပွေ့ဖက်ထားတက်တဲ့ ကိုကို့ရဲ့ နွေးထွေးလွန်းတဲ့ ရင်ခွင်ကျယ်ကြီးကိုလည်း လွမ်းလှပီ..။

ရှင်းရဲ့နှုတ်ခမ်းပါးလေးကို ထိတွေ့တက်တဲ့ ကိုကို့ရဲ့ကြမ်းတမ်းပီး စွဲမက်စရာကောင်းလွန်းတဲ့ အနမ်းလေးတွေ.. ရှင်းကိုထိတွေ့တက်တဲ့ ကိုကို့ရဲ့ လက်ကြီးတွေ.. ရှင်းကိုကြင်ကြင်နာနာကြည့်တက်တဲ့ ကိုကို့ရဲ့အကြည့်တွေ.. ဆွဲဆောင်မှုရှိလှတဲ့ ကိုကို့ရဲ့သြရှရှအသံတွေ..

ရှင်းထပ်ပီး လိုချင်သေးတယ်.. တွေ့ချင်သေးတယ်..ကြားချင်သေးတယ် ကိုကို..။

_

ဒီညလည်း အေးစက်စက်မွေ့ယာခင်းတွေကြားမှာ ရှင်းတစ်ယောက်ထဲအိပ်ရဦးမယ်..။ ရှင်းကို နွေးနွေးထွေးထွေး ပွေ့ဖက်ထားဖို့အတွက် ကိုကိုမှဒီမှာမရှိဘဲ..။

Because of love🖤[ Completed ]Where stories live. Discover now