စိတ်ဆိုးဒေါသထွက်ပေါက်ကွဲကာ ပွဲထဲက ပြေးထွက်မဲ့ ခပ်ပေါ့ပေါ့မိန်းကလေးမျိုးမဟုတ်ဘူး အခြေနေနဲ့ အချိန်ခါကြည့်ပြီး ပညာသားပါပါဖြေရှင်းနိုင်မဲ့ အမျိုးသမီးတဦးလေ။
သေသေချာချာမြင်လိုက်ရပါတယ် ပုဝါနီနီဖယ်ရှားအပြီး စွဲမက်ဖွယ်ရာ မျက်နှာအသွင်ပြင်နဲ့ ကျွန်မကိုတောင် ခပ်မာမာပဲကြည့်တဲ့ အရှင်မင်းကြီးဟာ ပထမဆုံးယောင်္ကျား။
ကျွန်မကို သေးသေးသိမ်သိမ်ကြည့်ခဲ့တဲ့ ပထမဆုံးယောင်္ကျား အကြည့်တွေမှာမနှစ်မြိုမှုတွေလျှံပယ်နေတာပဲ မြွေမြွေချင်းခြေမြင်တယ်ဆိုသလို အရှင်မင်းကြီးက ကျွန်မထက်တောင် ပိုခက်ထန်သေးတာ ကြိုက်တာပေါ့။
တပ်မက်မှုအပြည့်ရှိတဲ့ ချစ်ခြင်းမေတ္တာအပြည့်ပါတဲ့ မျက်ဝန်းတွေနဲ့ပဲ တွေ့ဆုံခဲ့ရလို့လားမသိ အထင်သေးစွာကြည့်ခံခဲ့ရတဲ့ မှိုင်းညှို့ညှို့မျက်ဝန်းနက်တွေထဲ အလိုလိုပျော်ဝင်သွားခဲ့တာ အရှက်မဲ့စွာဆို ဒီယောင်္ကျားအကြည့်အောက်နှလုံးသားတခုလုံးပြားပြားဝပ်သွားခဲ့တာ။
အရှင်ဘုရင်တွေကိုယ်တိုင် ခမည်းတော်ရှေ့ လာရောက်တောင်းရမ်းခဲ့သမျှကို နှာခေါင်းတချက်ရှုံ့ပြီး ငြင်းခဲ့ပေမဲ့။
ဘုရင်ကြီးJeon Jung Kookဆိုတဲ့ နာမည်နဲ့ကမ်းလှမ်းခံလာရတဲ့အခါ လူမမြင်ရသေးခင် နာမည်နဲ့တင် နှလုံးသားတွေအရည်ပျော်ခဲ့တာ ကျွန်မလို လူတိုင်းလိုလိုချင်ချင်ဖြစ်နေတဲ့အချိန် အကျောကြီးကြီး ကမ်းလှမ်းခံရတာတောင် မေးငေါ့ခံပြီး ရွေးချယ်ခဲ့ပြီးပြီပဲ။
လူမမြင်ရခင်ကတည်းက မာနတွေတဝက်လောက် ရိုက်ချိုးခဲ့တဲ့ဒီယောင်္ကျားဟာ အခုတော့ ခြေဖဝါးအောက်အကုန်စုပြုံပြီး ချနင်းသွားလိုက်တာများ တချက်ပင်စောင်းငဲ့မကြည့်ခဲ့တာကိုလဲ မကျေနပ်နိုင် မကျေနပ်နေရင်းကလဲသဘောတွေကျနေစဲပဲ။
ကျေနပ်စရာလား လူတွေအများကြီးရှေ့ ရှက်ပြီး သိမ်ငယ်စွာထွက်ပြေးရအောင် ရှန်မျိုးဆက်က အသည််းမပျော့ခဲ့ဘူး။
လူတွေကြည့်နေကျသည်ကို သတိထားမိနေသည် ဒါပင်မဲ့လုံးဝဂရုမစိုက်စွာ ထွက်သွားသူထားခဲ့တဲ့အတိုင်း ပုံစံမပျက်ထိုင်နေခဲ့သည်။
BINABASA MO ANG
☀️Sun & Moon🌕
🌞18🌕
Magsimula sa umpisa