Season 1 (Part 1)

4.2K 143 14
                                    

Unicode Version

“ဘယ်သူကြောင့်ဖြစ်တာလဲ၊သူ့ကိုဖြေရှင်းခိုင်းလေ”

“ငါမသွားနိုင်ဘူး ငါပန်းတွေနဲ့တစ်နေ့တစ်နေ့အလုပ်ပြီးတာမဟုတ်ဘူး၊”

ရေခါ အဆက်မပျက်ငြင်းနေသည့်အတွက် အလင်းရိပ်သခင်ရီမွန် စိတ်ညစ်နေသည်။ အနားကစကားတစ်ခွန်းမှ မပြောဘဲနေတက်သည့် ပင်းယာ။

ရီမွန်က

“ဝိဉာဉ်နှလုံးသားမရှိဘဲ ငါတို့အကြာကြီးမရပ်တည်နိုင်ဘူး”

သူမတို့သုံးယောက်ရှေ့မှာရှိတဲ့ ပုလင်ပေါ်တွင် မည်သည့်ပစ္စည်းမှရှိမနေတော့ဘဲ ကျောက်ပုလ္လင်သက်သက်သာကျန်တော့သည်။

“ငါသွားမယ်”

သုံးယောက်လုံးလှည့်ကြည့်သည်. ဝိဉာဉ်သက်သက်သာရှိတော့သည့်  မီရူယိုလီ။ Dark Guardian အသွင်နှင့် သူတို့ဆီကိုလျောက်လာသည်။

“ငါ့ကြောင့်ဖြစ်ခဲ့တာငါပြန်ယူပေးမယ်၊အချိန်ကာလက ဘယ်လောက်ပဲကြာမလဲ”

“ဒီနေရာလား။နှစ်၅၀၀ အတွင်းပဲဖြစ်မယ်။ ဒါနဲ့ နင်ကကော ဘယ်လိုလုပ်နိုင်မှာလဲ အခုကို နင့်အခြေအနေက…..” ယိုလီက ပင်းယာကိုလှည့်ကြည့်ပြီး

“စုန်းမ တစ်ယောက်လုံးရှိနေတာ ဘာပူရမှာလဲ”

ထိုအခါပင်းယာထရပ်သည်။

“လွယ်လွယ်လေးမတွေးနဲ့။ ရှာရွန်ကိုဘယ်လိုရှာမှာလဲ။ သူသေသွားပြီလေ ဒီလောကထဲကထွက်သွားတာနဲ့ နင်က သာမန်လူနော်။ ဒီမှာလို အစွမ်းအစနဲ့နေလို့မရဘူး”

ယိုလီက

“ငါ့ကြောင့်ဖြစ်တာငါတာဝန်ယူမယ် ၊ ရှာရွန် သေသွားတာအမှန်ဆိုပေမယ့် သူ့ဝိဉာဉ်က ပျက်စီးသွားတာမဟုတ်ဘူး။ ပြီးတော့ ဒီနယ်ထဲမှာ မရှိတော့ဘူးမဟုတ်လား။ အချိန်ကစနေပြီထင်တယ်”

ရီမွန်က

“ဟုတ်တယ်။ နင်သတိလွတ်နေတဲ့၃ရက်မှာထွက်သွားနိုင်ပုံပဲ။ “

ယိုလီအသိစိတ်လွတ်ရင် အရာအားလုံးမှောင်မှိုက်သွားသည်။ ထိုအချိန်ဆိုရင်အလင်းရိပ်သခင်ဖြစ်သူရီမွန်ကိုယ် တိုင်အမှောင်ထဲကနေရုန်းမထွက်နိုင်ပါ. ဘယ်လောက်ပဲစွမ်းအားကြီးနေပါစေ အမှောင်စောင့်ရှောက်သူ Dark Guardian မီရူယိုလီကို မထိန်းချုပ်နိုင်။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Onde histórias criam vida. Descubra agora