အခန်း - ၁၈၁ ( ဌာနေဟောင်းသို့ ပြန်ခြင်း)

Start from the beginning
                                    

".....ဒါဆို "

သွမ့်ပိုင်ယွဲ့ရင်ထဲ ပူလောင်သွား၏။

"မီ့ထာန်ပန်းရှိနေတော့ ဓားရဲ့အအေးဓာတ်ကို ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ပျက်ပြယ်စေနိုင်ပါတယ်၊ ကျန်တဲ့သုံးဆယ်ရာခိုင်နှုန်းကတော့ ကောင်းကင်ဘုံရဲ့အလိုတော်ကျအတိုင်းပါပဲ"

သွမ့်ပိုင်ယွဲ့ ခေတ္တမျှတိတ်ဆိတ်သွားသည်။

"ဟုတ်ကဲ့"

ကွေရှိုက ကြွေပုလင်းလေးတစ်လုံးအား ထုတ်ပေးလာခဲ့သည်။

"ဒီပုလင်းထဲကဆေးကို ဆယ်ရက်နေရင်တစ်ခါ မင်းရဲ့ဆရာကို တိုက်ကျွေးပေးပါ။ လုံးဝမမေ့လိုက်ပါနဲ့"

"ဒါက?"

သွမ့်ပိုင်ယွဲ့တွေဝေသွား၏။

"ဒီတစ်ခေါက်ပြန်နိုးလာနိုင်ရင် ဒီဆေးသာသောက်ထားလို့ကတော့ သူ့ရဲ့သေချင်ယောင်ဆောင်တတ်တဲ့ ၊ နှစ်အကြာကြီးနေရင် တစ်ခါတစ်လေ ပေါ်လာတတ်တဲ့ နာတာရှည်ရောဂါကို ပျောက်ကင်းစေလိမ့်မယ်။ မြေအောက်မှာ အအေးဓာတ်လွန်ကဲတာမို့ မလိုအပ်ရင် ခဏခဏ ဆင်းမသွားခိုင်းပါနဲ့တော့"

သွမ့်ပိုင်ယွဲ့ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ။ လူကြီးမင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ"

အားလုံးပြန်ထွက်သွားပြီးခါမှ သွမ့်ယောင်လည်း နန်မော်ယဲ့၏ခန္ဓာကိုယ်ကို ပြန်ထူပေးလိုက်သည်။ ထို့နောက် ကျစ်ဆံမြီးလေးကိုပါ ပွတ်ပေးလိုက်ရင်း ပြန်ဖြည်လိုက်ကာ ခေါင်းဖြီးပေးလိုက်သည်။

ထပ်မနိုးသေးဘူးဆိုရင် နောက်တစ်ခေါက် ခေါင်းထပ်ဖြီးပေးဦးမှာ။

*****

"လူကြီးမင်း"

ယဲ့ကျင်က ကွေရှိုနောက်သို့ အပြေးလိုက်သွားသည်။ ယဲ့ကျင်ကမူ တုံ့ဆိုင်းနေ၏။

"လူကြီးမင်း ၊ သွားတော့မလို့လားခင်ဗျာ။  အရှင်မင်းမြတ်နဲ့ လူကြီးမင်းနန်တို့ရဲ့ဝေဒနာက - "

"မင်းရှိနေရင် ရပြီလေ"

ကွေရှိုက ယဲ့ကျင်ပခုံးကို ပုတ်လိုက်ကာ ဆက်ဆို၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now