အခန်း - ၁၈၁ ( ဌာနေဟောင်းသို့ ပြန်ခြင်း)

Start from the beginning
                                    

နတ်ဆေးဆရာကွေရှိုက ခေါင်းညိတ်လိုက်သည်။

"မင်းရဲ့ဆရာ ဟိုနန်မော်ယဲ့လား၊ သူ့နာမည်တော့ ကြားဖူးတာကြာပါပြီ။ သွားရအောင်လေ၊ အရင်သွားကြည့်ပြီးမှ ပြောကြတာပေါ့"

နတ်သိကြားဘိုးဘိုးက အံ့ဩသွား၏။

အဲ့တော့...တစ်ခါမှ လူချင်းမတွေ့ဖူးကြဘူးဆိုတဲ့ သဘောပေါ့။

ဒါဆို ဘာလို့များ သူများတကာကို အားတိုင်းယားတိုင်း လိုက်လိုက်ပြိုင်နေတာတုန်းလို့။

****

ချူယွမ်မှာ အသက်ဘေးမှ ကယ်တင်ခံလိုက်ရပြီးသည့်နောက်ပိုင်း ပြန်၍သတိလည်လာပြီးကတည်းက ၊ အချိန်တိုင်းလိုလို ခေါင်းထဲနောက်ကျိနေကာ ငိုက်မြည်းနေတတ်သည်။ နေ့ခင်းပိုင်းတွင်လည်း တစ်နာရီနှစ်နာရီလောက်အိပ်ပြီးမှ ပြန်ပြန်နိုးလာတတ်၏။ ကွေရှိုက သူ၏သွေးကြောများကို စမ်းသပ်စစ်ဆေးကြည့်လိုက်ကာ သွမ့်ပိုင်ယွဲ့အား လှမ်းပြောလာ၏။

"ရှောင်ယဲ့လေးရဲ့ဆေးညွှန်းအတိုင်း နောက်ထပ်ဆယ်ရက်လောက် ဆေးဘောဇဥ်ဆက်သောက်လို့ရပါတယ်၊ မစိုးရိမ်လိုက်ပါနဲ့"

"လူကြီးမင်းကို ကျေးဇူးအများကြီးတင်ပါတယ်"

သွမ့်ပိုင်ယွဲ့က ချူယွမ်၏လက်အား စောင်ထဲပြန်ထည့်ထားပေးလိုက်ကာ လူကြီးမင်းကွေရှိုအား သူကိုယ်တိုင်ဦးဆောင်ပြီး ဘေးခန်းသို့ ပင့်ခေါ်သွားပေးသည်။ နန်မော်ယဲ့က ရေခဲခေါင်းတလားထဲတွင် အိပ်ပျော်နေဆဲဖြစ်ကာ ရင်ဘတ်ပေါ်တွင်လည်း မီ့ထာန်ပန်းပွင့်တင်ထားလို့၊ မျက်နှာကလည်း ကြည်လင်ငြိမ်းချမ်းလှပေသည်။

"ဘယ်လိုနေလဲခင်ဗျာ"

လူကြီးမင်းကွေရှို စမ်းသပ်ပြီးသွားသည့်အထိ စောင့်လိုက်ပြီးသောအခါ သွမ့်ပိုင်ယွဲ့က မေးကြည့်လိုက်၏။ ဘေးနားရှိ လူအုပ်ကြီးကလည်း စိတ်ဝင်တစားကြည့်လာကြသည်၊ လူကြီးမင်းကွေရှိုမှ သက်ပြင်းချပြီး ခေါင်းခါပြလိုက်မည်ကို လွန်စွာကြောက်ရွံ့နေကြ၏။

"မင်းရဲ့ဆရာက သူများနဲ့မတူ တစ်မူထူးခြားတဲ့ သိုင်းပညာမျိုးကို သူ့ဘာသာသူ တီထွင်ပြီး ကျင့်ကြံလိုက်စားခဲ့တယ်။ ဒါကြောင့် တခြားလူတွေနဲ့ သိဒ္ဓိကြောတွေမတူဘဲ တစ်မျိုးတစ်မည်ဆန်းပြားနေတယ်။ ခုချိန်မှာ ငါ ဘာကိုမှ သေချာထုတ်မပြောနိုင်ဘူး"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now