“အကိုတော်.’

‘သောက်ပါ။နည်းနည်းနွေးသွားအောင်သောက်ပြီးရင် အကိုတော်က အားလုံးပြောပြပေးပါမယ်။”

ဘတ်ဟျွန်း ရင်တွေတုန်နေခဲ့သည်။ကောင်းသည့်စကားတွေကြားရမှာမဟုတ်မှန်း သိနေသည်မို့ ရေနွေးခွက်လေးကို တင်းတင်းဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်း မှုတ်သောက်ရင်းက မျက်ရည်တွေကျလာမိသည်။အင့်ခနဲတစ်ချက်ရှိုက်တော့ အကိုတော်က သက်ပြင်းချသည်။ဘတ်ဟျွန်းကိုလည်း အရိပ်တကြည့်ကြည့်။

“ပြောပါတော့။ကျွန်တော် ပြင်ဆင်ထားတာမို့ ပြောလို့ရပါပြီ။”

‘အင်း. ငါတို့ဘတ်ဟျွန်းလေးက ကြီးပြင်းလာပြီပဲ။”

အကိုတော်က ခပ်ယဲ့ယဲ့ပြုံးလျက်ဆိုသည်။

“ဘတ်ဟျွန်းပျောက်သွားတော့ အကိုတော်တို့လည်း မင်္ဂလာပွဲမလုပ်ဖြစ်ဘူး။ဘတ်ဟျွန်းကိုရှာတွေ့မှ လုပ်မယ်ဆိုပြီးတော့လေ။ နောက်တစ်ပတ်ကြာတော့ပဲ ဦးရီးတော်က ပုန်ကုန်မှုစတင်ခဲ့တယ်။ခမည်းတော်က ယုံကြည်ကိုးစားခဲ့တဲ့ ဦးရီးတော်မို့ ပြင်ဆင်ချိန် တောင်မရှိလိုက်ဘူး။နန်းစောင့်တပ်က အသေခံကာကွယ်ပေးခဲ့လို့သာ အကိုတော်နဲ့ မယ်မယ်က လွတ်ခဲ့ပေမယ့် ခမည်းတော်က အဲ့နေရမှာတင် နတ်ရွာစံခဲ့တယ်။အကိုတော်.. အကိုတော်က ခမည်းတော်ကို မကာကွယ်လိုက်နိုင်ဘူး။ မယ်မယ် ရှိနေသေးတာမို့ မယ်မယ့်လက်ဆွဲရင်း အသက်စွန့်ပြေးခဲ့ရတာ ဘတ်ဟျွန်းလေး။”

ဘတ်ဟျွန်းကိုပြောပြနေသည့် အကိုတော်သည် မျက်ရည်စက်လက်ဖြင့် ဖြစ်သည်။ဘတ်ဟျွန်း ခမျာ တောင့်တောင့်ကလေး။

“မယ်..မယ်..’

‘သိပ်မကြာဘူး။အကိုတော်တို့ ဒီမှာပုန်းရှောင်ပြီး တစ်လပြည့်တော့ မယ်မယ်ဆုံးသွားခဲ့တယ်။စိတ်ဒဏ် ပင်ပန်းတဲ့ဒဏ်တွေကြောင့် ဖျားရာကနေ..’

ဘတ်ဟျွန်း မျက်လုံးစုံမှိတ်ချလိုက်မိပါတော့သည်။တလိမ့်လိမ့်စီးဆင်းနေသော မျက်ရည်တွေနှင့်အတူ ဘတ်ဟျွန်းက အရုပ်ကြိုးပြတ်။ထပ်မံငိုဖို့ရာပင် အားမရှိတော့သလို။ဝမ်းနည်းနေသည် အကိုတော်နားသို့သွားကာ အကိုတော်ကို ပွေ့ဖက်ထားပေးမိတော့သည်။ဘတ်ဟျွန်းကို အမြဲတမ်းအလိုလိုက် အကြိုက်ဆောင်ခဲ့သည့် အကိုတော်က မိဘနှစ်ပါး၏ဖြစ်အင်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့သည့်အခါ  ဘယ်လောက်တောင်မှ ဝမ်းနည်းနာကျင်နေခဲ့ပါမည်လိမ့်။ဒီကြားထဲ ဘတ်ဟျွန်းကိုမတွေ့လို့ အရူးမီးဝိုင်းဖြစ်ခဲ့ဦးမည်က အသေအချာ။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now