"နေတော့ဟာ"
စိတ်ပျက်လက်ပျက်ပုံစံနဲ့ ကျွန်တော်ဖဲ့ပေးထားတဲ့ကြက်ကြော်တွေကိုကောက်ဝါးတော့သည်။ ညီမလေးကတော့ အခုထိ မကျေနပ်နိုင်သလို ရှူးရှူးရှားရှားဖြစ်နေ၏။ ပြောပြောဆိုဆိုနဲ့ပဲ ဒီတစ်နှစ်အတွင်းရင်းနှီးလာကြတဲ့သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး ကျွန်တော့်မှာ ဘယ်သူ့ဘက်ကိုမှလေးလေးသာသာမျက်နှာမလိုက်ရဲ။ နှစ်ယောက်သားကိုအရိပ်အကဲကိုကြည့်နေရင်း ကြက်ကြော်တုံးကိုဆွဲဖဲ့လိုက်တော့ အပေါ်ယံအခွံနဲ့အသားကွာသွားတဲ့နေရာက လက်ချောင်းထိပ်တွေနဲ့ထိမိပြီး ပူလောင်သွားရ၏။
"အ!"
"ပူသွားပြီမလား။ ကျွန်တော်ကြည့်မယ်။ ဒီမှာ အများကြီးဖဲ့ပြီးနေတာကိုဗျာ။ အရမ်းပူသွားလားဟင်။ ပူနေလား"
"ရတယ် ရတယ်"
ကျွန်တော့်လက်ချောင်းတွေကိုတစ်ရှူးနဲ့သုတ်ပြီး တဖူးဖူးမှုတ်ပေး၏။ ညီမလေးက ခြေမကိုင်မိလက်မကိုင်မိနဲ့ ကျွန်တော့်ကိုတစ်လှည့်၊ ဇာမဏိကိုတစ်လှည့်ကြည့်နေသည်။
"ရပါပြီ။ မပူတော့ဘူး"
"ကျွန်တော့်တို့ဘာသာလုပ်လို့ရပါတယ်။ အစ်ကို မကိုင်နဲ့တော့နော်"
"ဟုတ်တယ်။ ကိုကို မကိုင်နဲ့တော့။ ညီမလေးတို့လုပ်ပေးမယ်။ သိပ်လည်းမပူတော့ပါဘူး"
အခုတော့ကျွန်တော့်ရှေ့မှာ sauce ပါတို့ပေးထားတဲ့ အာလူးချောင်းနဲ့ကြက်ကြော်တွေအပြည့်။ ကျွန်တော့်အတွက် တာဝန်ကျေဖို့ညီညွတ်နေကြသည့် အငယ်နှစ်ယောက်ကိုကြည့်ရင်း ကျွန်တော့်မှာကြည်နူးပီတိမြဲစွာတည်၏။
"ဒီဇင်ဘာ ဒုတိယအပတ်ဆို ညီမလေးတို့တောင် second year တက်ရတော့မယ်။
"ဟုတ်တယ်။ ဇော်ထက် တစ်နှစ်ကျန်ခဲ့တာတော့ စိတ်မကောင်းဘူး ကိုကို"
"ဇော်ထက်က ပေါ့လျော့သွားတာ။ ရန်ဖြစ်တော့ သူ့အိမ်က ချုပ်ခြယ်သွားတာလည်းပါလိမ့်မယ်။ တစ်နှစ်ပါပဲ။ ဒီ field ထဲရှိနေသမျှက တွေ့ကြရဦးမှာ"
![](https://img.wattpad.com/cover/231329378-288-k948086.jpg)
Epi_25
Start from the beginning