"ထိုင်ဖို့​နေရာ သွားရှာထားလိုက်။ ကိုကိုမှာထားလိုက်မယ်"

"ကျွန်​တော် အစ်ကိုနဲ့​စောင့်မယ်"

"ဒါဆို ညီမ​လေး ​နေရာရှာထားလိုက်မယ်။ ကိုကို ​ရေညှိ rice box ​လေးထည့်မှာ​နော်"

"ဟုတ်ပြီ"

ကြက်​ကြော်တစ်​ကောင်၊ rice box၊ အာလူး​ကြော်နဲ့ လီမွန်တီးသုံးခွက်အပြည့်လျှံတင်ထားသည့်ဗန်းက ဇာမဏိလက်ထဲပါသွားသည်။ နှစ်​ယောက်တည်းမဟုတ်ရင် စကား​တွေနည်း​နေတတ်တဲ့သူ့​ကိုကြည့်ရင်း ကျွန်​တော်မှာ ရယ်ချင်တာကိုမြိုသိပ်ထားရ၏။ နှစ်​ယောက်တည်းဆိုရင် စကား​တွေ​ဖောသီ​နေတတ်တာ သူမဟုတ်ခဲ့သည့်အတိုင်းပင်။

"နှစ်​ယောက်လုံးအတွက် ကြက်​ကြော် ကိုကိုဖဲ့​ပေးမယ်​နော်။ အရမ်းပူတယ် မကိုင်နဲ့"

"ကိုကို့ကို​ပြောပြရဦးမယ် သိလား။ ဒီ​နေ့ Speaking Class မှာ အပြင်​ကျောင်းက Queen က ဇာမဏိကို marshmellow ဘူးကြီး​ပေးတာကို​လေ..."

"ကျွန်​တော် မယူခဲ့ပါဘူး"

"အမယ်​လေး... ဟိုက တကယ့်အလှ​လေး။ ချစ်စရာ​ကောင်းတာမှ မိန်းက​လေးချင်း​တောင်ပြန်​ငေးယူရတာကိုသိလား ကိုကို။ အားနာပါးနာနဲ့ ဘူးကို​​တောင်လှမ်းမထိဘူး။ ​ချေချတာများဆိုတာ။ ဟိုက သင်တန်းစတည်းက သူ့ကိုသ​ဘောကျ​နေတာ ​ပေါ်တင်တစ်မျိုးကွယ်ရာတစ်မျိုးနဲ့ သူမသိတာလည်းမဟုတ်ဘူး။ ညီမ​လေးသာဆို တစ်ချက်​လောက် ​ကျွေးပစ်လိုက်ပြီ"

"ငါမှ မယူချင်တာ။ နင်ကြိုက်ရင် နင်ယူ​လေ"

"ငါ့လာမကြိုက်လို့​ပေါ့။ အခု သင်တန်းအပြန် ကိုကို့ဆီလာဖို့ကိုလည်း လမ်းကြုံလိုက်ခဲ့ပါဆိုတာကို ဇွတ် တက္ကစီ​ပေါ်ဆွဲတင်တာ။ ဟိုက မျက်နှာ​တော်​တော်မ​ကောင်း။ သနားပါတယ်။ အားနာပါ​နာနဲ့​တောင် အလိုက်အထိုက်မ​ပြောဆိုဘူး"

"ပြန်သ​ဘောမကျနိုင်တာကြီးကို ဘာလုပ်ဖို့​​မျှော်လင့်ချက်​တွေ​ပေး​နေရမှာလဲ"

"စာ​တော်တယ်၊ ရုပ်​ချောတယ် နင်မကြိုက်နိုင်စရာဘာများရှိ​နေလို့လဲ။ ကြီးကြီးကျယ်ကျယ်"

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now