" မင်း အပြင်‌မှာ ချစ်သူကောင်လေးရှာတွေ့ပြီလား? "

" အခုမှ ဘယ်နှရက်ရှိသေးလို့လဲ?! "

ယွီဟောက်က ဆိုလေသည်။

" ကိုယ့်ပြဿနာကိုယ်တောင် ပြီးတောင်မရှင်းရသေးဘူး၊ ဘယ်လိုလုပ်ပြီး ရည်းစားထားဖို့ အချိန်ပို ရှိမှာလဲဗျာ? "

နှစ်ယောက်သားသည်ကား ရွာနားသို့ ချဉ်းကပ်ရောက်ရှိလာစဉ် Generalမှ ရုတ်တရက်ကြီး ရပ်တန့်သွား၏။ ယွီဟောက်က မေးလိုက်သည်။

" ဘာဖြစ်လို့လဲ? "

မျောက်ကြီးသည်ကား အန္တရာယ်တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား ဘယ်ကြည့်ညာကြည့် လုပ်ရင်း တီးတိုးဆိုလာခဲ့သည်။

" ရှူး.. "

ယခုဆိုလျှင် ပင်လယ်ကမ်း‌စပ်ရွာလေးကို ‌ပို၍ ထင်ထင်ရှားရှားမြင်လာနိုင်ပြီ ဖြစ်ပြီး သစ်သားအိမ်များစွာအပေါ်၌မူ နှင်းခဲလွှာထူထူတို့ ဖုံးအုပ်နေခဲ့လေသည်။ ပင်လယ်ရေမျက်နှာပြင်ကမူ ခဲတွတ်နေခဲ့ပြီး ရေခဲရိုက် ဗိုက်ကင်းလှေများစွာဟာလည်း ဆိပ်ကမ်းတစ်လျှောက်၌  ဗရမ်းဗတာ ရှုပ်ပွပြန့်ကျဲနေလျက်သား။ ၎င်းသည်ကား မသိလျှင် အရိုးထဲထိစိမ့်အေးသော လေအေးများ ဆိပ်ကမ်းသာတစ်လျှောက်ကို ဖြတ်ကျော်တိုက်ခတ်သွားပါသဖြင့် ၎င်းနှင့်ထိတွေ့ခံလိုက်ရသည့် သက်ရှိအရာများအားလုံး တမဟုတ်ချင်း ခဲဝေသွားခဲ့သည့်အလား။

ဆိပ်ကမ်းသာအဆုံး၌မူ မြင့်မြင့်မားမား မီးပြတိုက်တစ်လုံး တည်ရှိပြီး အနက်ရောင်လေထုကြီးက မီးပြတိုက်အပေါ်၌ ဝေ့ဝဲနေခဲ့၏။

" အဲ့တာ 'ကိုယ်စားပြုပစ္စည်း'များလား? "

ယွီဟောက်က တိုးတိတ်လှ‌သောလေသံဖြင့် မေးလိုက်သည်။

Generalက ယွီဟောက်အား အောက်ဆင်းရန် အမူအရာပြလိုက်ပြီးနောက် တီးတိုးဖြေကြားလာခဲ့သည်။

" ဟုတ်လောက်တယ်, ဒါပေမယ့် ကိုယ်တို့ခုထိ အိမ်မက်ပိုင်ရှင်ကို ရှာမတွေ့သေးဘူးလေ, ဘာလိုလုပ်သင့်လဲ? "

လူတစ်ယောက်အဖို့ ဤကဲ့သို့ မိုင်ပေါင်းထောင်ချီတိုင်အောင် ဆီနှင်းများဖုံးလွှမ်းနေသော နှင်းပြင်ကျယ်၌ အသက်ရှင်နေထိုင်ရန်မှာ ဘယ်လိုမှမဖြစ်နိုင်။ ၎င်းကမှ တကယ်ကို သေသူတို့၏မြေစစ်စစ်ပင်။ Generalသည်ကား တောင်ပေါ်မှာတုန်းက ဘေးပတ်၀န်းကျင် ပတ်ပတ်လည်ကို စစ်ဆေးခဲ့ပြီးသားဖြစ်၏။ ကြည့်ရသည်မှာ စွန်းဝူခုန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက် အနှီမျောက်၏ မီးတောက်ရွှေမျက်၀န်းတစ်စုံကိုလည်း အမွေလက်ခံရရှိလိုက်ပုံပေါ်လေသည်။ ထို့ကြောင့် ‌အနှင်ထုတ်ခံလိုက်ရသော အိမ်မက်ပိုင်ရှင်ဟာ အနှီနှင်းပြင်ကျယ်ကြီး၌ ရှိမနေခဲ့သလို တောင်တန်းများကြား၌လည်း ရှိမနေကြောင်း သူ့ဘက်က အပြည့်အ၀သေချာနေသည်ပင်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now