"ဆမ်မီ ရေ...အားလား"

"ဟုတ်...ရတယ်။"

"မင်းဘွဲ့စာတမ်းကိစ္စပြီးပြီလား"

"လုပ်နေတုန်း...ကျွန်တော်တို့ ရိုက်ရက်
တွေလည်း ပြန်ညှိနေရတုန်း"

"မင်းကို ငါပြောမယ်။ မင်းအကူအညီ
လိုတယ်"

"အခုလား။ အခုဆို မရဘူးနော်။ ကျွန်
တော် ဒီမှာစာတမ်းကိစ္စအရေးကြီးနေ
တာ"

"အေးပါ။ မင်းကိစ္စပြီးမှပါ။ဆမ်မီရေ
ငါ့ကို BL တစ်ပုဒ်ရိုက်ဖို့ ကမ်းလှမ်းခံ
ရတယ်။ အစက ငါ့ Typeမဟုတ်တော့ငြင်းမလို့ပဲ။ ဒါနဲ့ သူတို့က ဇာတ်
ကိုဖတ်ကြည့်ပါ။ ဖတ်ကြည့်ပြီးမှ ငြင်း
ချင်ငြင်းဆိုပြီး အာမခံကြတာ။ ဟေ့
ကောင်လေးရေ...ငါ မနေ့ညက ညလုံး
ပေါက်ပဲ။ ဇာတ် ကော ဇာတ်ကောင်လေးကောက သိပ်လှတယ်။ မင်း
က ငါ့ထက် အဲ့လိုဘက်တွေမှာ ပိုတီးမိ
ခေါက်မိရှိတော့ ဒီ ပရော့ဂျက်မှာ မင်း
အကူအညီလိုတယ် ဆမ်မီ"

ဆရာပေမဲ့ သူ့နေရာကိုအလေးထားပြီး
ခေါ်ယူလေတော့ ...သူ​ကျေနပ်မိတယ်။
ဖုန်းနားထောင်ရင်း သွားတဖြီးဖြီးနဲ့တောင်ဖြစ်တယ် ။ ကျေနပ်နေတာ ။ ဆရာ့စကားက ပျားသကာလေးလို ချိုမြိန်
နေတာ။

"ဆမ်မီ မင်းကို ငါ ဇာတ်ညွှန်းပို့လိုက်
မယ်။ ဖတ်ကြည့်စမ်း ကောင်လေး။
မင်းတောင် ဝင်ရိုက်ချင်သွားမယ်"

"ညွှန်းလှချည်လား...ပို့လိုက်ရတယ်။
အခုရက်ပိုင်းတော့ မဖတ်နိုင်ဘူးနော်
ကျွန်တော့အလုပ်အတိုင်းအတာတစ်ခု
ထိ ပြီးမှ အဲ့ဘက်ကို အချိန်ပေးမှာ"

သူနည်းနည်းစျေးကိုင်ကြည့်လိုက်တယ်။ ဒါပေမဲ့ အဲ့လိုအပြုအမူအတွက်
Mr.Wu က ဘယ်နှယ့်မှ သဘောမထား
ဘူး။ တက်တက်ကြွကြွပဲ ချက်ချင်း
Mailပို့ပေးလာတယ်။ မင်း စိတ်ပါလာမှာသေချာတယ်လို့လည်း အားပါသေ
ချာတဲ့ စကားနဲ့ပြောပြီး ဖုန်းချသွား
တယ်။

သူလည်း ဇာတ်လမ်းခေါင်းစဥ်လောက်
တော့ ကြည့်လိုက်မယ်လေ ဆိုတဲ့ စိတ်
နဲ့ Mailကိုဖွင့်ကြည့်လိုက်တယ်။

"အိုးမိုင်ဂေါ့ !!! We Best Love !"

သူ့ခေါင်းကို မိုးကျိုးပစ်ချလိုက်သလို
ဂျိန်းခနဲပဲ။

NANI?जहाँ कहानियाँ रहती हैं। अभी खोजें