Croupier Vs Gambler

256 60 1
                                    

L 4 : ငါ့နယ်မြေထဲမှာ...

----------------------------------------------------

"ကလပ်သွားတဲ့ ညက မင်းတိုက်ခိုက်
ခံရသေးတယ်ဆို...မင်းတော်တော်
လေး သွေးလန့်သွားတယ်ပြောတယ်"

မဟုတ်ဘူးလို့ မငြင်းချင်။ အပေးအယူ
မတည့်လို့ ၊ ပစ္စည်းလွှဲခါနီးမှ စည်း
ဖောက်လို့ နောက်ဆုံးတစ်ခေါက်ကဆို
ပစ္စည်းသယ်နေတုန်း ရှောင်တခင်ဝင်
ဆွဲခံရလို့ သူတို့ အမြန်ရှောင်ခဲ့ရတာ
တောင်ရှိတယ်။ သေနတ်သံတဖောက်
ဖောက်ကို တောင် ​ပြောင်းဖူးပေါက်
ပေါက်ဖောက်သံလို သဘောထားပြီး
အခင်းဖြစ်တဲ့နေရာကနေတည်တည်ငြိမ်ငြိမ်ထွက်လာနိုင်ခဲ့တဲ့သူက
ဆိုင်ကယ်လေးပွတ်ဆွဲခံရတာလောက်
ကို စကားမပြောနိုင် ၊ စိတ်နဲ့ကိုယ်မကပ်
နိုင်လောက်တဲ့ထိ ဖြစ်ခဲ့​တယ်။

"ငါ့ ဘေးက လူတွေကို ပြောင်းသင့်တာ
လား။ အခုပြောနေတဲ့ မင်းကို နှုတ်ပိတ်
သင့်လား"

ဖုန်းထဲက Tian ရယ်သံက အလျှံအပယ်ထွက်ကျလာတယ်။ ဟောင်
ကောင်မှာ စတည်းချပြီး လာမွှေနေတဲ့
ဒီကောင့်ကို ဘာနဲ့ကော်ထုတ်ရမလဲလို့
Lin Zi Hong စတင်တွေးနေရပြီ။

"ငါနောက်နေတာမဟုတ်ဘူး Zi Hong..
မင်းတကယ် ငါကြားသလိုဖြစ်ခဲ့တာလား"

"အင်း"

သူရဲ့ မပွင့်တပွင့်အပြောနောက်မှ Tian
ရဲ့ သက်ပြင်းချသံတိုးတိုးက ကပ်လိုက်
လာတယ်။

"အသက်ရလာလို့လား"

Tain ကတစ်ယောက်တည်း ရေ ရွတ်
သလိုပြောပေမဲ့ သူ့အရှိုက်ကိုတည့်တည့်ထိမှန်လေတယ်။

"အဓိပ္ပါယ်မရှိတာတွေ..."

Tianရဲ မုန်းစရာကောင်းတဲ့ရယ်သံကို
မကြားရခင် သူအရင်ဦးအောင်ဖုန်းချလိုက်တယ်။ ရှုပ်ထွေးနေတဲ့ စိတ်နဲ့
သူထိုင်ခုံကျောမှီပေါ်လှန်ချလိုက်တယ်။

သူမျက်လုံးတွေမှိတ်ချထားပြီး ထိုညက
သူလိုက်တဲ့ အစက်ငယ်အကြောင်းကို
ပြန်တွေးကြည့်နေမိတယ်။ တကယ်ပဲ
YU ဆိုတာသေချာတယ်။ ဘယ်လိုမှမမှားနိုင်။ ပြန်တွေ့နိုင်မယ်ဆိုတဲ့စိတ်နဲ့
ရင်ခုန်မင်သက်တာကတစ်ပိုင်း၊ ဘယ်လိုကြောင့်မှန်းမသိ သူ့စိတ်တွေလေးလံနေတာက တစ်မျိုးပဲ။ ဒီဘဝ
နဲ့ဆို သူ့အနား Niniမနေတော့တာ ၂ဘဝ ဆက်တိုက်ရှိပြီမို့ စိတ်အားငယ်
ချင်သလိုလိုလည်းဖြစ်မိတယ်။ သူ့အပေါ် ကောင်းလွန်းတဲ့ Yokohama 
ကိုလည်း Nini လို့ထင်နေပြီး ခဏခဏ
ဝေ့လည်ကြောင်ပတ်မေးကြည့်ပေမဲ့
သူထင်သလိုဟုတ်မနေခဲ့ဘူး။

NANI?Where stories live. Discover now